ရန်ကုန်မြို့တော်အတွင်းရှိ ကားမှတ်တိုင်ပေါင်း ၅၀ဝ ခုအား အဆင့်မြှင့်တင်သွားမည်

ရန်ကုန် ၂၈ ဖေဖော်ဝါရီ

 

ရန်ကုန်မြို့တော်အတွင်းရှိ မှတ်တိုင်များ အဆင့်မြှင့်တင်တည်ဆောက်ရန်အတွက် ကမ်းနားလမ်း၊ ဘုရင့်နောင် လမ်း၊ လှိုင်မြစ်လမ်း၊ လမ်းသစ်လမ်း၊ ပြည်လမ်းအတိုင်း ရှစ်မိုင်၊ ကမ္ဘာအေးဘုရားလမ်း၊ ပါရမီလမ်း၊ သံသုမာ လမ်းနှင့် ကမ်းနားလမ်း ဧရိယာအတွင်း၌ မှတ်တိုင်ပေါင်း ၅၀ဝ ခုအား အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က  ပြောသည်။

 

အလားတူ အင်းစိန်လမ်းမပေါ်တွင်ရှိသော အုပ်ကျင်းမှတ်တိုင်(အနောက်ခြမ်း)၊ ဘာတာမှတ်တိုင် (အနောက် ခြမ်း)၊ သံလမ်းမှတ်တိုင် (အနောက်ခြမ်း)၊ သုခမှတ်တိုင် (အနောက်ခြမ်း)၊ ဘူတာရုံလမ်းမှတ်တိုင် (အနောက် ခြမ်း)၊ ဘုရားလမ်းမှတ်တိုင် (အရှေ့ခြမ်း)၊ သုခမှတ်တိုင်(အရှေ့ခြမ်း)၊ ဘူတာရုံလမ်းမှတ်တိုင် (အရှေ့ခြမ်း)၊ ဗဟိုလမ်းမကြီးပေါ်တွင်ရှိသော မှတ်တိုင်များ၊ ဘုရင့်နောင် လမ်းမကြီးပေါ်တွင်ရှိသော ရွာပကွေ့မှတ်တိုင် (အရှေ့ခြမ်း)၊ သီရိမင်္ဂလာဈေး(အရှေ့ခြမ်း)၊ သီရိလမ်းမင်္ဂလာဈေး (အနောက်ခြမ်း)၊ ချောင်းဝမှတ်တိုင် (အရှေ့ ခြမ်း)၊ ရွာမကွေ့မှတ်တိုင် (အနောက်ခြမ်း) တို့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်သော ရန်ကုန်ဘတ်စ်ကား ဝန်ဆောင်မှုအား ပြောင်းလဲဖော်ဆောင်ချိန်တွင် YBS စနစ်နှင့် ဆက်စပ်လျက် ဖွံ့ဖြိုးတိုးတက်ရေးကိုပါ စီမံဆောင်ရွက်လျက်ရှိတယ်လို့ ဒေါ်နီလာကျော်က ပြောသည်။

 

ကျန်မှတ်တိုင်များအား ခရီးသွားပြည်သူများအတွက် ပိုမိုအထောက်အကူပြုသော အဆင့်မီမှတ်တိုင်များအဖြစ် ပြောင်းလဲတည်ဆောက်ရေး အတွက်ကိုလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ စီမံ ဆောင်ရွက်သွားမှာဖြစ်ပြီး ရန်ကုန်မြို့တော်အတွင်း ယာဉ်ရပ်မှတ်တိုင် အတော်များများတွင် အမိုးအကာ ထိုင်စရာ အခက်အခဲများရှိသဖြင့် မှတ်တိုင်များ အခြေအနေကို လေ့လာစိစစ်ပြီးမှ အဆင့်မြှင့်တင် တည်ဆောက်ရေးအတွက် စီမံဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဒေါ်နီလာကျော်က ပြောသည်။

 

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့တွင် ကျင်းပခဲ့ပြီး လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက လှိုင်မြို့နယ်အတွင်း အင်းစိန်လမ်းမပေါ်နှင့် ဗဟိုလမ်းမပေါ်ရှိ ကားမှတ်တိုင်များတွင် အမိုးအကာနှင့် ထိုင်စရာပါရှိသော မှတ်တိုင်များ အမြန်ဆုံး ပြုလုပ်ပေးပါရန် အစီအစဉ် ရှိ/မရှိကို မေးမြန်းခဲ့ပြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

 

MDN