ရန်ကုန်မြို့လယ်က ထူးထူးခြားခြား ဝဇီရာရုပ်ရှင်ရုံလမ်း

၂၇ နိုဝင်ဘာ

အနော်ရထာလမ်းမဘက်မှ ၃၄ လမ်း(အထက်လမ်း)ကို ချိုးဝင်လို့ တိုက်သုံးလေးတိုက်ကို ကျော်မိတဲ့အခါ လူအဝင်အထွက်များပြားနေတဲ့ လမ်းကြားတစ်ခုကို တွေ့လိုက်ရပါတယ်။

လမ်းကြားကို အိမ်ရှေ့ မျက်နှာစာတစ်ခု ဥပမာ ဝါးတွေနဲ့ အလှဆင်ထားပါတယ်။ အိမ် တစ်အိမ်ရဲ့ ပြတင်းပေါက်ကဲလား) တစ်ခုလို ဝါးတစ်ချောင်းကို ထောက်ထားပါတယ်။ မျက်နှာစာအမိုး တံစက်မြိတ်မှာလည်း ပန်းလေးတွေကို အလှဆင်လို့ တော်တော်ကို သေသေသပ်သပ်ပြင်ဆင်မှုတွေနဲ့ တွေ့မြင် လိုက်ရပါတယ်။

အပေါ်နဖူးစည်းဗီနိုင်းလေးကို ဖတ်ကြည့် Bosoal Waziya Cinema Strees အောက်ခံအဝါမှာအနီစာလုံးရဲရဲနဲ့ ရေးထိုးထား ပါတယ်။

မြို့ထဲ ၃၄ လမ်းကို အခေါက်ခေါက်အခါခါ ရောက်ခဲ့နေပေမယ့် ဒီလိုနာမည်လမ်းမျိုး တစ်ခါမှ မကြားဖူးခဲ့ပါ။ အတော့်ကို ထူးနေတယ်လို့ ထင်မိလိုက်ပါတယ်။

မယုံနိုင်စရာပြောင်းလဲမှု

အထဲဝင်မိတော့ နောက်ဖေးလမ်းကြား တစ်ခုပါ။ ၃၃ လမ်းနဲ့ ၃၄ လမ်း အကြားပါ။ မယုံနိုင်စရာကောင်းလောက်အောင် ပြောင်း လဲမှုတွေနဲ့ ပြင်ဆင်ထားမှုတွေပါ။

နောက်ဖေးလမ်းကြား တစ်လျှောက် တိုက် နံရံများအားလုံး ဆေးရောင်စုံများနဲ့ သစ်လွင်နေပါတယ်။ နောက် ရုပ်ရှင်ရုံသဖွယ် အပြင်အဆင်တွေနဲ့ ခန့်မှန်း ပေ၈၅၀ လောက် တော့ ရှိပါလိမ့်မယ်။

လူကြီးလူလတ်များ ကျန်းမာရေးလေ့ကျင့်ဖို့၊ ကလေးများဆော့ကစားဖို့ ‌လျှောနဲ့ ဒန်းများ အစီအရီနဲ့မို့ ကလေးငယ်များက ပျော်ရွှင်စွာ ဆော့ကစားနေကြပါတယ်။

လမ်းလယ်မှာတော့ အမိုးခုံး ပန်းရုံလေးရယ်၊ တိုက်နံရံတစ်ဖက်တစ်ချက်စီမှာ ထိုင်အနားယူစရာ ဒန်းတွေရယ်၊ လက်ဖက်ရည် ကြမ်းသောက်ဖို့ စားပွဲလေးတွေ ထိုင်ခုံအပု လေးတွေက အမြင်ဆန်းလှပါတယ်။ သွသူလာသူ စည်စည်ကားကား လာရောက်သူများက လမ်းကြားလေးမှာ တစ်ဦးနဲ့တစ်ဦး ပခုံးချင်းထိမတတ် သွားသူ သွား၊ လာသူလာနဲ့ စည်စည်ကားကားပါ။

ဆယ်စုနှစ်တစ်စုနဲ့ အမှိုက်သရိုက်တွေနဲ့ အနံ့ဆိုး၊ အနံ့သက်တွေနဲ့ ရှိတဲ့လမ်း၊ တစ်မဟုတ်ချင်း ပြောင်းလဲမှုအပေါ် အတော့်ကို စိတ်ဝင်စားမိခဲ့ပါတယ်။

အသိပေးနှိုးဆော်ထားတဲ့ဗီနိုင်းဆိုင်းဘုတ် တစ်ခုက ကော်မတီငါးဦးအနက် ကော်မတီဝင် တစ်ဦးဖြစ်တဲ့ ဦးဝင်းမော်နဲ့ အဆက်အသွယ်ရ ခဲ့ပါတယ်။ သူကလည်း လမ်းကြားအသစ် ထဲမှာလိုအပ်တာတွေကို လိုက်လံဆောင်ရွက် နေတဲ့သူတစ်ဦး ဖြစ်လေတော့ ချက်ချင်းပဲ စကားတွေ ပြောခဲ့ပါတယ်။

ဦးဝင်းမော်က “တစ်ချိန်ကတော့ အမှိုက်သရိုက်တွေရှိနေတဲ့ လမ်းကြားပါ။ တချို့ကလည်း မိမိနောက်ဖေးရနိုင်တဲ့နေရာလေးမှာ ပစ္စည်းပစ္စယတွေထားတဲ့နေရာပါ။

တကယ်တော့ ဒီလမ်းကြားက ကျောက်တံတားမြို့နယ်က အမှတ်(၁) ရပ်ကွက်နဲ့ အမှတ် (၂) ရပ်ကွက် ကျောချင်းကပ်လမ်းကြားပါ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကတော့ တစ်ပိုင်းစီပေါ့။

ပြည်သူအများအကျိုးရှိစေဖို့

“ဝဇီရာရုပ်ရှင်ရုံလမ်းလို့ ပေါ်ပေါက်လာပုံကို ပြောရမယ်ဆိုရင်တော့ လွှတ်တော်ရန်ပုံငွေတွေကို ပြည်သူအများ အကျိုးရှိနိုင်ဖို့၊ ရပ်ကွက် တွေမှာလိုအပ်တဲ့နေရာတွေမှာ ပြုပြင်နိုင်ဖို့ အတွက် ချပေးနိုင်ခဲ့တဲ့ အကျိုးကျေးဇူးတွေပါ။ ပထမပိုင်းနှစ်တွေကရတဲ့ နှစ်တွေက ရန်ပုံငွေ တွေကိုတော့ ရပ်ကွက်နောက်ဖေးလမ်းတွေ၊ ရေမြောင်းတွေကို ကောင်းအောင်လုပ်ခဲ့ကြတယ်။ ဒီတစ်ခေါက်ရမယ့်ရန်ပုံငွေကို ဘယ်လိုအကျိုးရှိအောင်အသုံးပြုကြမလဲလို့ စဉ်းစားတဲ့အခါ အခုလိုဥယျာဉ်ဆန်တဲ့ နောက်ဖေး လမ်းကြားလေးပြုလုပ်ဖို့အားလုံးက သဘောတူညီခဲ့ကြတယ်။ အဲဒီမှာ ဘယ်နေရာမှာလုပ်ကြမလဲလို့ ဆုံးဖြတ်ချက်က အရေးကြီးလာပြီ။ အဲဒါကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ ဒေါ်ကြည်ပြာကပဲ ဒီနေရာလေးကို ရွေးပေးခဲ့တာပါ။ ဒါကိုလည်း နှစ်ရပ်ကွက်စလုံးက သဘောကျကြတယ်။

လုပ်ငန်းစဖို့ တိုင်ပင်ကြတဲ့အခါကျတော့ ဝဇီရာရုပ်ရှင်ရုံမှာ ပြသနေတဲ့ Memory Film Festival နဲ့ချိတ်ဆက်မိခဲ့ပါတယ်။ YGN Walls အဖွဲ့သားများက ပန်းချီတွေဝိုင်းဆွဲပေးခဲ့ကြတယ်။ ဒီလမ်းကြားရဲ့ ထူးခြားမှုက အခြား အခြားသော လမ်းကြားဥယျာဉ်များနဲ့ မတူဘူး။

နောက် မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်ကလည်း ရောက်တော့မယ့်အချိန် ၃၄ လမ်းနဲ့ ( ၃၃ လမ်းနောက်ဖေးလမ်းကြားအပေါ်ထိပ်မှာက ဝဇီရာရုပ်ရှင်ရုံဟောင်းကြီးလည်းရှိနေတယ်။ အဲဒါကိုအစွဲပြုပြီး “၀ဇီရာရုပ်ရှင်ရုံလို့ အမည်ပေးခဲ့တာပါ။ ကဲလာဗျာ လမ်းတစ်လျှောက် ဘာတွေထူးခြားတယ်ဆိုတာ တွေ့ရအောင် လျှောက်ကြည့်ရအောင် လို့ဆိုတဲ့အတွက် လမ်းအစအဆုံး  တဖြည်းဖြည်းကြည့်ရင်း ဓာတ်ပုံရိုက်ရင်း၊ မှတ်ရင်းနဲ့ လိုက်ခဲ့ပါတယ်။ ။

ဂန္တဝင် ရုပ်ရှင်ဇာတ်ဝင်ခန်းများ

တစ်ဖက်ထိပ်အပိတ် ဝဇီရာရုပ်ရှင်ရုံ နောက်ကျောမှာ ကမ္ပည်းမှတ်တမ်းနှစ်ခုကို ဦးစွာဖတ်ကြည့်မိတဲ့အခါ ကြိုဆိုပါ၏ ဝဇီရာရုပ်ရှင်ရုံလမ်းမှ Memory Film Festival နှင့်အတူ ကြိုဆိုပါတယ်။ YGN Walls အဖွဲ့သားများက ၃၃ လမ်း၊ ၃၄ လမ်းကြား နောက်ဖေးလမ်းကြား Project များမှတစ်ဆင့် ဂန္တဝင် ရုပ်ရှင်ဇာတ်ဝင်ခန်းများ ပြန်လည်ယူဆောင် လာခဲ့ပါပြီ။ ထို Project များကတော့ မြန်မာ့ ရုပ်ရှင်ရွှေခေတ်မှာ ထွန်းလင်းတောက်ပခဲ့တဲ့ သရုပ်ဆောင်ကြယ်ပွင့်များရဲ့ အောက်မေ့ တမ်းတဖွယ်ရာဇာတ်ဝင်ခန်းများ ပါဝင်ပါတယ်။

လမ်းနေပြည်သူတွေဟာ ယခုအချိန်အထိ ထိုရုပ်ရှင်ဇာတ်ဝင်ခန်းများကို မှတ်မိနေကြ ဦးမယ်လို့ထင်ပါတယ်။ အဲဒီဂန္တဝင်ဇာတ်ဝင်ခန်းတွေနဲ့ သရုပ်ဆောင်တွေ တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားမှာကိုလည်း ကျွန်တော်တို့ မလိုလားပါဘူး။

အနုပညာပုံရိပ်များ ပြန်လည်ဖွင့်လန်း

ဆယ်စုနှစ်တစ်ခုစာ အမှိုက်ပုံကြီးကို ၃၃/၃၄ အထက်လမ်းကြား ဥယျာဉ်ဖြစ်မြောက် cocomicosocypal Volumteer များ၊ Artist များနှင့် ရှင်းလင်းအပြီးမှာတော့ YGN Walls မိသားစုများဟာ အဆိုပါအမှိုက်ပုံလမ်းကြားကို ရုပ်ရှင်နှင့် အနုပညာပုံရိပ်များ ပြန်လည်ပွင့်လန်းရာ နေရာလေးတစ်ခုအဖြစ် ပြောင်းလဲနိုင်ခဲ့ပါပြီ။

ဒါ့အပြင် ဒီပန်းချီပြခန်းဟာ ကလေးများအတွက် လုံခြုံစိတ်ချရတဲ့ ကစားကွင်းတစ်ခုအဖြစ် အနုပညာနဲ့ ဖန်တီးနိုင်စွမ်းအားကို အားပေးလှုံ့ဆော်ပေးတဲ့ နေရာလေးတစ်ခုလည်း ဖြစ်လာပါပြီ။

YGN Walls ဟာဆိုရင် ရန်ကုန်မြို့ရဲ့ နောက်ဖေးလမ်းကြားများကို အနုပညာဆန်ပြီး လှပတဲ့ပန်းချီနံရံများ စုစည်းထားရာနေရာတစ်ခုအဖြစ် ပြောင်းလဲပေးသည့် တက်ကြွတဲ့ Artist များနှင့် volumteer များ စုစည်းထားတဲ့ အဖွဲ့အစည်းတစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော် ကျွန်မတို့ရည်ရွယ်ချက်ကတော့ ရန်ကုန်ရှိ လမ်းနေပြည်သူများကို အားပေးကူညီရင်း မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကို အားလုံးပါဝင်ဆောင်ရွက်ကြဖို့ပဲ ဖြစ်ပါတယ်။ ။

အနုပညာဟာ လူကို ပြောင်းလဲနိုင်ပါတယ်။ လူတွေကပဲ ကမ္ဘာကြီးကို ပြောင်းလဲနိုင်ပါတယ် လို့ ဖတ်လိုက်ရပါတယ်။ ရန်ကုန်မြို့ကြီး သန့်ရှင်းသာယာလှပရေးအတွက် “အား တစ်ရပ်လို့ မြင်မိပါတယ်။

ဖွင့်ပွဲအတွက် မှတ်တမ်းရေးထိုးတာက “ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး၏ ကူညီ ပံ့ပိုးမှုဖြင့် YGN wall အဖွဲ့က ပန်းချီသရုပ်ဖော်ပုံများ စီစဉ်ရေးဆွဲထားသော ၃၃ လမ်းနှင့် ၃၄ လမ်း နောက်ဖေးလမ်းကြားကို “ဝဇီရာ ရုပ်ရှင်ရုံလမ်း အဖြစ် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး မစ္စတာ ခရစ္စတီယန် လရှာဗီက ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် ဖွင့်လှစ်ပေးခဲ့ပါသည်။ “၀ဇီရာ ရုပ်ရှင်ရုံလမ်းသည် ရန်ကုန်မြို့အခြေစိုက် အနုပညာ ရှင်များ၊ မြန်မာနှင့် နိုင်ငံတကာ ရုပ်ရှင် ဇာတ်ကားများကို ဂုဏ်ပြုသည့် အထိမ်းအမှတ် နေရာတစ်ခုအဖြစ် တည်ရှိနေမည် ဖြစ်ပါသည်လို့ ရေးထိုးတာကို တွေ့ရတော့ ရပ်ကွက်အတွက်၊ မြို့နယ်အတွက်၊ တိုင်းဒေသကြီး အတွက် ဂုဏ်ယူစရာလမ်းတစ်ခုအဖြစ် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူခဲ့နိုင်ခြင်းလို့ မှတ်ယူခဲ့ပါတယ်။

ဆေးရောင်နံရံများနှင့် အလှခြယ် ဟုတ်ပါတယ်။ နောက်ဖေးတိုက်နံရံ တွေမှာ ရုပ်ရှင်ရုံပုံသဏ္ဌာန်တွေကို ဆေးရောင် နံရံများနှင့် အလှခြယ်ထားပြီး တစ်ချိန်က ထိုဝန်းကျင်မှာရှိခဲ့တဲ့ “ဆုထူးပန် ၊ “ရဲရင့် စတဲ့ ရုပ်ရှင်ရုံများရဲ့ အမည်များကို ရေးထိုးထားပါတယ်။

ထူးထူးခြားခြား ရှားရှားပါးပါး မြင်တွေ့ရတာကတော့ မြန်မာ့ရုပ်ရှင် ရွှေခေတ်က ဇာတ်ကားတွေရဲ့ ပိုစတာအချို့ တွေ့လိုက်ရတာပါပဲ။ ဘယ်က ဘယ်လို စုဆောင်းထားတာမသိ။ ကျေးဇူးတင်ဖို့ ကောင်းလှပါတယ်။ ယနေ့ခေတ် လူငယ်များ လုံးဝ မတွေ့မမြင်ဖူး နိုင်သော မူရင်းပိုစတာများပါ။ “ဝေဝေ လွင်လွင် “သစ္စာမေတ္တာ၊ “အိမ်ထောင်စု"၊ “ယမုံနာ" ၊ "အသဲလက်ဆောင်၊ “လေးဆူဒီပါ* “သူပုန်မင်းသား ၊ “ပဋာစာရီ၊ “မာလာရီ ၊ “မုန်းရခက်တယ်၊ “ဓားရောင်လက်လက် မယ်ဘယက် ၊ “ရည်းစေပြ ၊ “နောက်ပိုင်းတစ်ခေတ်က အဖေတစ်ခု သားတစ်ခု " ။ “ယောက္ခမကြီးရေးတဲ့ဖူးစာ၊ “ရွှေဂေါင်းပြောင် “တစ်ခါက တစ်ဘဝ၊ “မောင်တို့ ချယ်ရီမြေ" “ငယ်ကျွမ်းဆွေ ၊ “သင်္ကြန်မိုး စတဲ့ ပိုစတာများပဲ ဖြစ်ပါတယ်။

တိုက်နံရံကျပြန်တော့ ရှေးခေတ်ရုပ်ရှင် မင်းသား မင်းသမီးများရဲ့ ပုံတွေကို ဆေးနဲ့ ရေးဆွဲထားပေးတာ ဖြစ်ပါတယ်။ အမြင်ဆန်း အသွင်ဆန်းတဲ့ နောက်ဖေးလမ်းကြားဥယျာဉ် တစ်ခုပါ။

ပိတ်ရက်မရှိ ဖွင့်လှစ်ပေးထား

ကော်မတီဝင် ဦးဝင်းမော်က “ဒီဝဇီရာ ရုပ်ရှင်ရုံလမ်းကြားလေးကို နံနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ပေးထားပါတယ်။ မည်သူမဆို အခမဲ့ လာရောက် အပန်းဖြေ အနားယူနိုင်သလို လေ့လာနိုင်ပါတယ်။ တစ်ခေတ်တစ်ခါက မြန်မာရုပ်ရှင် ရွှေရောင်ဝင်းစဉ်ကာလက ပုံရိပ်တွေကို အထင်းသား မြင်ရမှာပါ။ ဒါပေမယ့် မိမိ ပျော်ရွှင်မှုအတွက် ပတ်ဝန်းကျင်ပြည်သူများကို အနှောင့်အယှက်မဖြစ်စေဖို့ လိုအပ်သလို ဆူညံအော်ဟစ်ခြင်းမပြုကြဖို့၊ အရက်၊ ဘီယာ သောက်သုံးခြင်းမပြုကြဖို့၊ ထိန်းသိမ်းကြဖို့ တော့ လိုပါတယ်။ နောက် မိမိတို့ စားသုံးပြီးတဲ့ အမှိုက်တွေကို တွေ့ရာနေရာမှာ မလွှင့်ပစ်ဘဲ ထားပေးတဲ့အမှိုက်ပုံးလေးတွေထဲမှာ စနစ်တကျ လွှင့်ပစ်စေချင်ပါတယ်။ ဥယျာဉ်လမ်းကြား ရေရှည်အစဉ်ထာဝရ သန့်ရှင်းလှပနေစေဖို့အတွက် ဝိုင်းဝန်းကူညီပါလို့ ပြောချင်ပါတယ်လို့ သတ်မှတ်စည်းကမ်း လေးတွေကို ပြောခဲ့ပါတယ်။

ရန်ကုန်မြို့ကြီး သာယာလှပစေရေး

မှန်သောစကားပင်ဖြစ်ပါတယ်။ ယနေ့ ရန်ကုန်မြို့ကြီးမှာ ပရဟိတအဖွဲ့များ၊ ပြင်ပ အဖွဲ့အစည်းများက ရန်ကုန်မြို့ကြီး သာယာလှပစေရေးအဖွဲ့ လမ်းကြားဥယျာဉ်များကို လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့တော်စည်ပင်ဌာနဆိုင်ရာ၊ မြို့နယ်၊ ရပ်ကွက်ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေပါပြီ။

ဒီနေရာမှာ မြို့တော်ဝန် ဦးမောင်မောင်စိုး ပြောခဲ့ဖူးသော စကားတစ်ခွန်းကို ပြန်လည် အမှတ်ရမိလိုက်ပါတယ်။ ရန်ကုန်မြို့တော်ကြီးကို အမှိုက်ပုံကြားမှာ မထားခဲ့ချင်ပါဘူး ဆိုတဲ့ စကားလေးရယ်ပါ။

ဒါကြောင့် နောက်ဖေးလမ်းကြားဥယျာဉ် များ ဖြစ်မြောက်ရေးကို ဦးဆောင် ဆောင်ရွက်နေကြပါတယ်။ ရေရှည်သန့်ရှင်းလှပ သာယာနေစေရေးမှာ ဌာနေရပ်ကွက်နေသူများက သာမက လာရောက်သူများကပါ ဝိုင်းဝန်းကူညီပေးခြင်းဖြင့် ရန်ကုန်မြို့တော်ကြီး သန့်ရှင်း လှပသာယာဖို့ အားလုံးဝိုင်းဝန်းကူညီ ဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းရေးသား လိုက်ရပါတယ်။ ။

တင်ဝင်းလေး (ကြည့်မြင်တိုင်)