ရန်ကုန်-သန်လျင်တံတားပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွား

ရန်ကုန် ၇ မတ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ မြို့ဟောင်းအနောက်ရပ်ကွက်၊ ရန်ကုန်-သန်လျင် အမှတ် (၁)တံတားပေါ်တွင် ယနေ့ နံနက် ၆ နာရီက ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သန်လျင်မြို့၊ မြို့ဟောင်းအနောက်ရပ်ကွက်၊ ရန်ကုန်-သန်လျင် တံတားအလယ် တိုင်အမှတ် (၆/၇) အကြားတွင် ယာဉ်မောင်း ဦးသန်းထွန်းဝင်း အသက် (၃၉)နှစ်၊ မောင်းနှင်လာသော YBS 33 (မီနီဘတ်စ်) ယာဉ်သည် ၄င်း၏အရှေ့ရှိ ယာဉ်မောင်း ဦးသန်းနိုင်အောင် မောင်းနှင်လာသောယာဉ်အား အနောက်မှဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

 

‌ေ

 

သတင်းအရ ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်လွင်ဦး ဦးဆောင်၍ တောင်တန်း 191 ယာဉ် ၁ စီး၊ မီးငြိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၃ ဦးတို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရရှိသူများအား သစ္စာမဏ္ဍိုင် လူမှုကူညီမှုအသင်း (သာကေတ) လူနာတင်ယာဉ်ဖြင့် သန်လျင်အထွေထွေရောဂါကုဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)