ရန်ကုန်-ပုသိမ်လမ်း အဆင့်မြှင့်တင်ခြင်းဆောင်ရွက်မည်ရာ ဗိုလ်မြတ်ထွန်းတံတားအား ခေတ္တယာယီပိတ်ထားမည်ဖြစ်၍ ဧရာဝတီတံတား(ညောင်တုန်း) မှ မော်တော်ယာဉ်များသွားနိုင်မည်

ညောင်တုန်း   ၁၆    ဇန်နဝါရီ

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ လမ်းဆောက်လုပ်ရေးစီမံကိန်း အထူးအဖွဲ့(၂၁) မှ ရန်ကုန်-ပုသိမ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်လျှက်ရှိရာ ညောင်တုန်းမြို့နယ်၊ မြမ္မာပြသာကျေးရွာအုပ်စု၊ သောင်တန်းကျေးရွာ မိုင်တိုင် (၄၀/၇ နှင့် ၄၁/၃) အတွင်း ပေ ၃၀ အကျယ် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် ဗိုလ်မြတ်ထွန်းတံတားအား ဇန်နဝါရီလ ၁၅ ရက်နေ့ ညသန်းခေါင်ယံအချိန် ၁၂ နာရီမှ စတင်၍ ခေတ္တယာယီပိတ်ထားမည်ဖြစ်ပြီး ပုသိမ်-ရန်ကုန် သွားလာမည့် မော်တော်ယာဉ်များမှာ ဧရာဝတီတံတား (ညောင်တုန်း) မှ လမ်းလွှဲသွားလာရမည်ဖြစ်ကြောင်း လမ်းဦးစီးဌာန၊ ပုသိမ်ခရိုင်မှ အသိပေးကြေညာချက် ထုတ်ပြန်ထားရှိကြောင်း သိရသည်။

 

ဝဠာနိုင်  (ညောင်တုန်း)