ရန်ကုန်-နေပြည်တော်လမ်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် လေးဉီးထိခိုက်ဒဏ်ရာရ

နေပြည်တော် ၁၄ ဇူလိုင်

 


ယနေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ ခန့်က ရန်ကုန်-နေပြည်တော်လမ်း မိုင်တိုင် ၃၀/၃ - ၃၀/၄ အကြားတွင် ယာဉ်မောင်း ဦးထက်ဇော် (၄၃)နှစ် အမှတ်(၁)ရပ်ကွက် ကျောင်းကုန်းမြို့နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် 8H/---- စူပါကာစတန်အမျိုးအစား အဖြူရောင်ယာဉ်သည် လမ်းအကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့ တစ်ပတ်လည်တိမ်းမှောက်ခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး ထုတ်ပြန်ချက်အရ သိရသည်။

 


ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၅)ဦး၊  အမျိုးသမီး (၁) ဦး စုစုပေါင်း (၆)ဦးအနက် အမျိုးသား (၃)ဦး၊ အမျိုးသမီး (၁) ဦး စုစုပေါင်း (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသား (၁)ဦး၊ အမျိုးသမီး (၁)ဦးတို့မှာ စိုးရိမ်ရဒဏ်ရာများရရှိပါသဖြင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ဘောနတ်ကြီးစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြု အဖွဲ့များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

 


MDN
ဓာတ်ပုံ- အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး
 

်၃်၃နမ်