နေပြည်တော်၊ ဩဂုတ်

 

လက်ရှိမိုးရာသီကာအတွင်း ဇူလိုင် ၂၇ ရက်မှစ၍ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့အတွင်း မိုးသည်းထန်စွာရွာသွန်းလျှက်ရှိပြီး ရေကြီးရေလျှံမှုများကြောင့် မြန်မာ့မီးရထား၏ ရန်ကုန်-မန္တလေးလမ်းပိုင်းရှိ ပဲခူးဘူတာနှင့် ဘုရားကြီးဘူတာကြားနှင့် ပဲခူး-မော်လမြိုင်လမ်းပိုင်းရှိ ပဲခူးဘူတာ-ကလိ ဘူတာအကြားတို့တွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်-ဟင်္သာတ-ကြံခင်း ရထားလမ်းပိုင်းအတွင်း ကျောင်းကုန်းမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်နှင့် ရေကြည်မြို့နယ်တို့အတွင်း နေရာအချို့တွင်လည်းကောင်း ရထားသံလမ်းအပေါ်သို့ ရေကျော်တက်ခြင်း၊ ရထားတံတားအချို့၏ ရေလည် တိုင်နှင့် ကမ်းကပ်ခုံများ ရေတိုက်စားခံရခြင်း တို့ကိုကြုံတွေ့ခဲ့ရသဖြင့် ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်နှင့် ပုသိမ်-ဟင်္သာတ-ကြံခင်း ရထားခရီးစဉ်များကို ယာယီဖျက်သိမ်းထားကြောင်း သတင်း ထုတ်ပြန်ပြီးဖြစ်သည်။

 

မြန်မာ့မီးရထားအနေဖြင့် ယခုကဲ့သို့ မိုးသည်းထန်စွာရွာသွန်းလျက်ရှိသည့် သဘာဝဘေးအန္တရာယ်ကြောင့် ယာယီပိတ်ထားရသည့် ရေကျော်စီးဆင်းနေသောနေရာများတွင် ရေကင်းစောင့် ဝန်ထမ်းများ နေ့/ မပြတ် တာဝန်ချထား၍ စောင့်ကြည့်ခြင်း၊  ရေကျသွားသည့် ပဲခူး-ဘုရားကြီး ရထားလမ်းပိုင်းအတွင်း မြန်မာ့ မီးရထားတာဝန်ရှိသူများနှင့် လုပ်သားများက ကျောက်ရထားနှင့် သံလမ်းပြေးယာဉ် RGC များအသုံးပြု၍ ကျောက်ကြီးများချခြင်း၊ ရထားလမ်းနှင့်တံတားများ၏ ကြံ့ခိုင်ရေး လုပ်ငန်းများကို ဇူလိုင် ၂၉ ရက်မှ ဩဂုတ် ရက်အထိ နေ့စဉ်ဆောင်ရွက်ခဲ့ကြသည်။

 

ယနေ့ ဩဂုတ် ရက်တိုင်းတာစစ်ဆေးချက်များအရ ပဲခူးဘူတာယာဒ်ဝင်းတွင် ရေများပြန်လည်ကျဆင်း သွားပြီး၊ ယာဒ်ဝင်းအစုန်ဘက် တံတားအမှတ်(၆၀)အနီးတွင် သံလမ်းမျက်နှာပြင်အောက် လက်မခန့်သို့ လည်းကောင်း၊ ပဲခူး-ဘုရားကြီးအကြား အဆန်လမ်းဘက်တွင် သံလမ်း မျက်နှာပြင်အောက် ပေ လက်မနှင့် အစုန်လမ်းဘက်တွင် ပေ လက်မအထိ ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် ရထားလမ်းပိုင်းတာဘောင်များအား စစ်ဆေးမှုအရ ရထားများ ဖြတ်သန်းစေလွှတ်နိုင်ပြီဖြစ်၍ ရန်ကုန်-မန္တလေးရထားလမ်းအတွင်း ပဲခူး-ဘုရားကြီးအကြား လမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင်ရထားလမ်းအတွင်း ပဲခူး-ကလိအကြားလမ်းပိုင်းများအတွင်း ကျောက် ရထား၊ ကုန်ရထားနှင့် သံလမ်းပြေးယာဉ် RGC များဖြင့် စမ်းသပ်ပြေးဆွဲခဲ့ပြီး ယနေ့ နံနက် နာရီ မိနစ်တွင် လမ်းပိုင်းပြန်လည်ဖွင့်လှစ်၍ ကုန်ရထားများကို ယနေ့မှစ၍ စတင်ပြေးဆွဲခွင့်ပြုခဲ့သည်။

 

ထို့နောက် ရေနစ်မြုပ်ခဲ့သည့် ပဲခူးဘူတာယာဒ်ဝင်း၊ တံတားအမှတ်(၆၀)နှင့် ရထားလမ်းပိုင်းများ၏ တံတားနှင့် လမ်းပိုင်းကြံ့ခိုင်မှုများ အသေးစိတ်ထပ်မံ စစ်ဆေးခြင်း၊ လိုအပ်သည့်ကြံ့ခိုင်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိပြီး ဩဂုတ် ရက်မှ စတင်၍ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် အမှတ်()အဆန်၊ အမှတ်()အစုန် လူစီးစာပို့ရထား၊ အမှတ် (၁၁)အဆန်၊ အမှတ်(၁၂)အစုန် လူစီးအမြန် ရထား၊ အဆန်အထူး၊ အစုန်အထူးအမြန်ရထားနှင့် ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းတွင် အမှတ်(၈၁) အဆန်၊ အမှတ်(၈၂)အစုန်စသည့် လူစီးအမြန်ရထားများကို ပုံမှန်အတိုင်းပြန်လည် ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ထို့အတူ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်-ဟင်္သာတ-ကြံခင်းရထားလမ်းပိုင်းအတွင်း ရေများပြန်လည် ကျဆင်းသွားပါက ရထားလမ်းနှင့် တံတားများကြံ့ခိုင်မှုတို့ကို အသေးစိတ်စစ်ဆေး ဆောင်ရွက်ပြီး ရထားများ အမြန်ဆုံးပြန်လည် ပြေးဆွဲပေးနိုင်ရေး  ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)