ရန်ကုန် - မန္တလေး မီးရထားလမ်း မြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းခွင်အနီးတွင် လေထုညစ်ညမ်းမှု တိုင်းတာစစ်ဆေး

ကျောက်တံခါး ၅ မတ်

    

ရန်ကုန်-မန္တလေး မီးရထားလမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်း ဆောင်ရွက်သည့် ပဲခူး-တောင်ငူ လမ်းပိုင်း ရှိ ကျောက်တံခါးမြို့ တံတားအမှတ် (၁၅၈) တွင် တံတားဆောက်လုပ်ရေး လုပ်ငန်းနှင့် ချည်းကပ်လမ်း ဖောက်လုပ်ခြင်းများကို TOKYU ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိရာ မတ်လ ၅ ရက်နေ့က အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး ထုတ်လွှင့်မှုမှ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့ ကွင်းနောက်ရပ်ကွက် အဆိုပါလုပ်ငန်းခွင်အနီး လေထုညစ်ညမ်း တိုင်းတာစက်များဖြင့် စစ်ဆေးခဲ့ကြသည်။

         

လုပ်ငန်းခွင်အနီး ကျောက်တံခါးမြို့မှ စျေးပိုင်းရပ်ကွက်နှင့် ကွင်းနောက်ရပ်ကွက်တွင် လေထုညစ်ညမ်းမှု ဖြစ်စေသော ဆာလဖာဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင်အောက်ဆိုက်၊ အိုဇုန်းနှင့် အမှုန်အမွှားများ ပါဝင်မှုကို တိုင်းတာစစ်ဆေးခဲ့ပြီး စာရင်းဇယားပြုစုကာ ဖော်ပြပါ ဓါတ်ငွေ့များ ထွက်ရှိမှု နည်းပါးစေရေးအတွက် လုပ်ငန်းခွင်တွင် အသုံးပြုသောလမ်းများကို ရေဖြန်းခြင်း စက်ယန္တယား အသစ်များ အသုံးပြုခြင်း၊ မီးခိုးငွေ့များ လျော့လျစေရေး နည်းလမ်းများနှင့်အတူ ပတ်ဝန်းကျင် လူနေရပ်ကွက်များတွင် လေထုညစ်ညမ်းမှု မရှိစေရေးအတွက် ကြံခိုင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင် ရေးကို တိုင်းတာစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

                 

ခင်ကို(ကျောက်တံခါး)