ရန်ကြီးအောင်အငှားအိမ်ရာ တိုက်အမှတ်(၃)အတွက် နေထိုင်ခွင့်လျှောက်လွှာများကို တစ်စောင်လျှင် ၁၅၀ဝ ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိ

ရွှေဘို ၂၇ ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်တွင် ဆောက်လုပ်ထားသော ရန်ကြီးအောင်အငှားအိမ်ရာ တိုက်အမှတ်(၃)အတွက် နေထိုင်ခွင့်လျှောက်လွှာများကို တစ်စောင်လျှင် ၁၅၀ဝ ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း ရွှေဘိုမြို့နယ် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါအငှားအိမ်ရာ တိုက်အမှတ်(၃) (၁၂)ခန်းတွဲ (၄)ထပ် အဆောက်အဦကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်  တိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နေထိုင်ခွင့်လျှောက်လွှာများကို ဇူလိုင် ၂၂ ရက်မှ ဩဂုတ် ၂၀ ရက်အထိ လုပ်သက် (၂၅)နှစ်ပြည့်ပြီးသော ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများနှင့် ဝင်ငွေနည်းပြည်သူများကို ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရသည်။ လျှောက်ထားသူများအနေဖြင့် မြန်မာနိုင်ငံသား ဖြစ်ရမည်ဖြစ်ပြီး မြို့နယ်စည်ပင်သာယာရေး နယ်နမိတ်အတွင်း နေထိုင်ကာ အိမ်ထောင်စုစာရင်းပုစံ ၆၆/၆ တွင် ပါဝင်သူဖြစ်ရမည်။ ထို့အပြင် မိမိတို့နေထိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံစာမူရင်း တင်ပြရမည်ဖြစ်ပြီး မြို့နယ်အတွင်း၌ အလုပ်လုပ်ကိုင်သူ (သို့မဟုတ်) မြေယာပိုင်ဆိုင်မှု မရှိသူ၊ လက်ရှိအိမ်ငှားနေထိုင်သူ၊ ဌာန (သို့မဟုတ်) အလုပ်ရှင်၏ ထောက်ခံချက် ပါရှိရမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

ထို့အပြင် လျှောက်ထားသူ၏ မိသားစုဝင်ငွေသည် စုစုပေါင်းအနည်းဆုံး ငွေကျပ်နှစ်သိန်းနှင့် အများဆုံး ငွေကျပ်သုံးသိန်းထက် မကျော်လွန်သော  ဝင်ငွေရှိသည့် မိသားစု ဖြစ်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းဖြစ်ပါက ရွှေဘို အိမ်ထောင်စုစာရင်းပုံစံ မရှိသော်လည်း ဌာနဆိုင်ရာအိပ်ခန်းများတွင် နေထိုင်ပါက အိမ်ခန်းချ အကြောင်းကြားစာနှင့် ဝန်ထမ်းကတ်မိတ္တူများကို လည်းကောင်း၊ အငြိမ်းစားဝန်ထမ်းဖြစ်ပါက လက်ရှိအငြိမ်းစားလစာ(ပင်စင်ကတ်) ကိုလည်ကောင်း၊ ဝင်ငွေနည်းမိသားစုဖြစ်ပါက အလုပ်ရှင်၏ လစာနှုန်းထား ထောက်ခံများကို လည်းကောင်း တင်ပြရမည် ဖြစ်သည်။

 

ထွန်းမြင့်အောင်(ရွှေဘို)