ရင်သွေးငယ်များ၏ ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာပေးပွဲကျင်းပမည်

အသက်ရှည်ရာအနာမဲ့ကြောင်း ခေါင်းစဉ်ဖြင့် ရင်သွေးငယ်များ၏ ကျန်းမာရေးနှင့် ပတ်သက်သည့် အသိပညာပေး ဟောပြောပွဲကိုလာမည့် ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၃ နာရီခွဲအထိ ရန်ကုန်မြို့ သူနာပြုတက္ကသိုလ် အစည်းအဝေးခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အသက်ရှည်ရာအနာမဲ့ကြောင်း ခေါင်းစဉ်ဖြင့် ရင်သွေးငယ်များ၏ ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောပွဲကို Pacific- AA Foundation နှင့်BaB ကလေးအားဆေးတို့က ပူးပေါင်း၍ ကလေးဘဝတွင် ကျန်းမာခြင်းသည် လူတိုင်းအသက်ရှည်ရှည်နေနိုင်ရေးအတွက် အလွန်အရေးကြီးကြောင်း ကျန်းမာရေး ဗဟုသုတရရှိစေရန် ပါမောက္ခဒေါက်တာ ရဲမြင့်ကျော် (လင်္ကာရည်ကျော်)က ဟောပြောသွားမည်ဖြစ်ကြောင်း သိရသည်။