ရင်းငြိမ်ကုန်ထုတ်စခန်းတွင် အကျဉ်းသားနှစ်ဦး စကားများရာမှ ကျောက်တုံးဖြင့် ထုရိုက်မှုဖြစ်ပွား

ပေါင် ၂၂  ဇွန် 

 

သထုံခရိုင် ပေါင်မြို့နယ် ရင်းငြိမ်ကုန်ထုတ်စခန်းရှိ အကျဉ်းသားနှစ်ဦးစကားများရာ အကျဉ်းသားတစ်ဦးက နှစ်လက်မ၊ သုံးလက်မခန့်ရှိ ကျောက်တုံးအား အင်္ကျီစည်းနှောင်ကာ အခြားအကျဉ်းသားတစ်ဦးကို ထုရိုက်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇွန် ၁၅ ရက် ညနေ ၅ နာရီကျော်ခန့်က ရင်းငြိမ်ကုန်ထုတ်စခန်းရှိ ထမင်းစားဆောင်နှင့် ရေချိုးကန်ကြားတွင် အကျဉ်းသား သန့်ဇင်ဖြိုး(ခ)ကုလား နှင့် ချမ်းမြေ့အောင်(ခ)မန်းဝင်းတို့ အချင်းချင်းစနောက်ရာမှ စကားများရန်ဖြစ်ကြပြီး သန့်ဇင်ဖြိုးမှ ၂×၃ လက်မခန့်ရှိ ကျောက်တုံးအား အင်္ကျီဖြင့် စည်းနှောင်ကာ ချမ်းမြေ့အောင်၏ ခေါင်းကို ထုရိုက်သဖြင့် ဒဏ်ရာများရှိခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒဏ်ရာများ ရရှိအောင် ပြုလုပ်သူ သန့်ဇင်ဖြိုးအား ပေါင်မြို့မစခန်းတွင် အမှုဖွင့်ဆိုထားကြောင်း သိရသည်။

 

ကိုဟိန်း( ပေါင် )