ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားမှုအစီအစဉ် ဒုတိယနေ့

ရန်ကုန်  ၁၈ မတ်   

 

၂၀၁၈ ခုနှစ်  အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ်  မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့  ကြီးမှူးကျင်းပသော ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး  လှုပ်ရှားမှု အစီအစဉ်အား  ယနေ့မွန်းလွဲ (၁) နာရီ က ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်၌ ဆက်လက်ကျင်းပခဲ့ရာ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ   NGOs/ INGos   များ   အရပ်ဘက်အဖွဲ့အစည်းများ ကျောင်းသား/ ကျောင်းသူများ   ဥယျာဉ်အတွင်းသို့  အပန်းဖြေ အလည်အပတ်ရောက်ရှိလာကြသော  အနယ် နယ်အရပ်ရပ်မှ မိသားစုဝင်များ ခင်းကျင်း ပြထားသော  ပြခန်းများအား လှည့်လည်ကြည့်ရှုကြကာ  ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားမှုအဖြစ်  သတ်မှတ် ကြော်ငြာဘုတ်တွင် အမှတ်တရ လက်မှတ်ရေးထိုးကြသည်။

 

ထို့နောက် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေး လှုပ်ရှားမှု  အခန်းအနား စင်မြင့်ထက်၌  Future  Music Band အဖွဲ့ က "နှစ်လုံသားတိုင်းအတွက်" ခေါင်စဉ်ဖြင့်လည်ကောင်း  "စောင့်နေမယ်" တေးသီချင်းခေါင်စဉ်ဖြင့်လည်းကောင်း  ၂၀၁၈  ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့  ဂုဏ်ပြုရေးစပ်သော  တေးရေး BEE ၏ " အမေ့ရင်ခွင်ထဲ ရှင်သန်ခွင့်ပေးပါ"၊ တေးရေး  စောဗီးနို၏ "ကာကွယ်ပေးကြစို့" တေးသွားအား  တေးသံရှင် "ဆူမို" ကလည်းကောင်းသီဆို ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

 

အဲဒီနောက် သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ မြသီတာ က  "အရေးပေါ် သားဆက်ခြားနည်းနှင့် စပ်လျဉ်း၍လည်းကောင်း   မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်  အတွင်းရေးမှူး  ဒေါ်ယုဇနကျင်က ကျား/မ  အခြေပြု အကြမ်းဖက်မှုများအကြောင်းနှင့် လည်း ကောင်း  အသိပညာပေး ဟောပြောခဲ့ကြသည်။ WON  အဖွဲ့    Golovy   Star  အဖွဲ့၊ အခရာ  အဖွဲ့ တို့က  တေးသရုပ်ဖော် ဇာတ်လမ်း၊ ဇာတ်ကွက်များ နှင့်  သရုပ်ဖော် ကပြဖျော်ဖြေတင် ဆက်ကြကာ  ပဟေဠိ အဖြေညှိ အစီစဉ်များဖြင့်လည်း စီစဉ်တင်ဆက်ခဲ့ကြကြောင်း သိရသည်။ 


သတင်းနှင့်ဓါတ်ပုံ   မျိုးမင်းသိန်း(မရမ်းကုန်း)