ရှမ်းရိုးရာဓလေ့ မီးကျည်လွှတ်တင်ပွဲကျင်းပ

မယ်စဲ့ ၈ မေ 

 

ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်တွင် နှစ်စဉ် အစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် ရှမ်းရိုးရာ ဓလေ့မီးကျည်လွှတ်တင်ပွဲ တစ်နည်းအားဖြင့် မိုးခေါ်ပွဲကို မေ၈ရက်က မြောက်ပိုင်းရပ်ကွက်ရှိ လယ်ကွင်းပြင်၌ ကျင်းပခဲ့သည်။

 

 

မီးကျည်လွှတ်တင်ပွဲ ကျင်းပရာတွင်ရပ်ကွက်အတွင်းရှိလူငယ်မောင်မယ်များကမီးကျည်များကိုထမ်း၍ အိုးစည်ဗုံ မောင်းများဖြင့် ကခုန်ကာ ရပ်ကွက်အတွင်း လှည့်လည်၍ မီးကျည်လွှတ်တင်မည့် လယ်ကွင်းပြင်သို့ စုပေါင်း ညီညာစွာဖြင့်မီးကျည်များကိုပျော်ရွှင်စွာလွှတ်တင်သည့်ပွဲတစ်နည်းအားဖြင့်မိုးခေါ်ပွဲပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။

 

 

တောင်သူဦးကြီးများအနေဖြင့် ကောက်ပဲသီးနှံဆန်ရေစပါး ပေါများကြွယ်ဝစေရန်နှင် ရာသီဥတုကောင်းမွန်မှန်ကန်စေရန်ရည်ရွယ်၍ မယ်စဲ့မြို့နယ်တွင် နှစ်စဉ်ကဆုန်လရောက်တိုင်း ရှမ်းရိုးရာဓလေ့ မီးကျည်လွှတ်တင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း မီးကျည်လွှတ်တင်ပွဲတွင် ပါဝင်ဆင်နွှဲသူလူငယ်တစ်ဦး၏ ပြောကြားချက်အရသိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)