ရှမ်းရွာသစ်မြို့တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပ

 ရှမ်းရွာသစ်   ၃    အောက်တိုဘာ

           

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူများ နေ့ထူးနေ့မြတ်အကြောင်း သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန် ရည်ရွယ်၍ အောက်တိုဘာလ(၅)ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ဆေးရောင်ချယ်ပြိုင်ပွဲနှင့် ဘိုးလိမ်းပစ်ပြိုင်ပွဲကို အောက်တိုဘာ ၃ ရက် နေ့ကပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

           

အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးနွဲ့က ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ဆေးရောင်ချယ်ပြိုင်ပွဲတွင် (၁၉)ဉီး၊ ဘိုးလိမ်းပစ်ပြိုင်ပွဲတွင် ဦးရေ  (၂၀) ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကိုလည်း ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။                                                      

 

ရှမ်းရွာသစ်(ပြန်/ဆက်)

 

 

1