ရှမ်းရွာသစ်မြို့ပေါ် (၄)ရပ်ကွက်တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေကျပ် ၂၀ဝ၀ဝ နှုန်း ထောက်ပံ့ပေးအပ်

ရှမ်းရွာသစ် ၂၇ ဇူလိုင်

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး ကာလအတွင်း နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တတိယအကြိမ် ငွေကျပ် ၂၀ဝ၀ဝ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်က အဆိုပါထောက်ပံ့ငွေ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် ရှမ်းရွာသစ်မြို့ပေါ် (၄)ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု စုစုပေါင်း (၃၉)စုတို့အတွက် တစ်စုလျှင် ငွေကျပ် ၂၀ဝ၀ဝ နှုန်းဖြင့်  ငွေကျပ် ၇၈၀ဝ၀ဝ ကို တာဝန်ရှိသူများက ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ရှမ်းရွာသစ်မြို့တွင် ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉)အုပ်စုရှိပြီး ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု (၁၅၄၈)စုရှိရာ အိမ်ထောင်စုတစ်စုလျှင် ကျပ် ၂၀ဝ၀ဝ နှုန်းဖြင့် တတိယအကြိမ် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ကျန်ရှိသည့် အိမ်ထောင်စုများထံသို့ အိမ်တိုင်ရာရောက် ဆက်လက် ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဇင်လေး(ပြန်/ဆက်)