ရှမ်းရွာသစ် ၉ ဇွန်
ကရင်ပြည်နယ် ဘားအံခရိုင် ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ ဒေသဖွံ့ဖြိုးတိုးတက်စေရန်နှင့် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရန်ရည်ရွယ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကွန်ကရစ်လမ်း သစ်အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီး ပြီးဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ကွီးလေးကျေးရွာတွင်းလမ်းသည် ဒေသနေပြည်သူများ အဓိကသွားလာသည့် လမ်းတစ်လမ်း ဖြစ်သောကြောင့် ယခင်နှစ်မိုးတွင်းကာလတွင် ရွှံ့ဗွက်များဖြင့် သွားလာရေးအဆင်မပြေမှုများ ကြုံတွေ့နေ ကြောင်း သိရှိရ၍ ယခုဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး ရန်ပုံငွေ ခွင့်ပြုငွေကျပ် (၄၉) သိန်းဖြင့် အရှည်ပေ(၅၀၀)၊ အကျယ် (၁၂)ပေ၊ ထု(၆) လက်မရှိ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးဖြစ်သည့်အတွက် ဒေသနေပြည်သူများ အဆင်ပြေစွာသွားလာနိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
ဇင်လေး (ပြန်/ဆက်)


