ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကျိုင်းတုံ  ၂၆  ဒီဇင်ဘာ

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အမျိုးသား အသက် ၂၁ နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျိုင်းတုံမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။ 

 

ဗိုလ်လုပွဲတွင် တောင်ကြီးခရိုင်အသင်းနှင့် လွိုင်လင်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တောင်ကြီးခရိုင်အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

 

mdn

 

ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆု၊ အကောင်းဆုံး ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း၊ ဂိုးသမားဆု ရရှိသူများနှင့် ပူးတွဲတတိယဆုရရှိသော တာချီလိတ်ခရိုင်အသင်းနှင့် လားရှိုးခရိုင်အသင်း၊  ဒုတိယဆုရရှိသည့် လွိုင်လင်ခရိုင်အသင်း ကစားသမားများအား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုး၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်နှင့် တာဝန်ရှိသူများက တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

 

mdn

 

ပြိုင်ပွဲတွင် ပထမဆုရရှိသည့် တောင်ကြီးခရိုင်အသင်း ကစားသမားများအား အာခါတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးအာဗေလက တံခွန်စိုက်ဆုဖလား၊ တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

 

အဆိုပါပြိုင်ပွဲကို ခရိုင် ၁၂ ခရိုင်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက်မှ ၂၅ ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)