ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၁၂ ဇွန်

ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဇွန် ၉ ရက်မှ ၁၀ ရက်အထိ တရားမဝင် သစ်ခွဲသား စုစုပေါင်း ၁၁ ဒသမ ဝ၄၂၆ တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

c2

 

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပေးပို့ချက်အရ ဇွန် ၉ ရက်မှ ၁၀ ရက်အထိ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းကျေးရွာ(ကော့ကရိတ်) တံတားအနီး HINO (၆)ဘီး ယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား (၅ ဒသမ ၂၆၆၄)တန်နှင့်အတူ ပြစ်မှုကျူးလွန်သူ (၂)ဦးကို လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်၊ ငါးအိုးဘိနယ်အတွင်း တရားမဝင် သယ်ဆောင်လာသည့် ကျွန်း/အင်ခွဲသား (၅ ဒသမ ၇၇၆၂) တန်နှင့် ပြစ်မှုကျူးလွန်သူ (၂)ဦးတို့အား သစ်တောဦးစီးဌာန ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့များက ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

 

c4

 

အဆိုပါ ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မောင်လူမော်