ရှမ်းပြည်နယ်လွှတ်တော် အဆောက်အဦသစ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အဆောက်အဦသစ်ဖွင့်လှစ်

တောင်ကြီး     ၂၃ မတ် 

 

 

ရှမ်းပြည်နယ် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ အိမ်တော်လမ်းရှိ ရှမ်းပြည်နယ်လွှတ်တော် အဆောက် အဦသစ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အဆောက်အဦသစ်ဖွင့်ပွဲတို့ကို ယနေ့ မတ်လ ၂၃ ရက် နံနက် ၈ နာရီက  ကျင်းပကြောင်း သိရသည်။ 

 

 

 

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ  ဦးစိုင်းလုံးဆိုင်တို့က အဆောက်အဦသစ် ဆိုင်းဘုတ်အား စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးသည်။ 

 

 

 

 

 

 

 

 

 

ရှမ်းပြည်နယ်လွှတ်တော်အဆောက်အဦသစ်ကို ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဦးစဝ် အောင်မြတ်၊ ပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်  ဝန်ကြီးများ ဖြစ်သည့် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

 

 

ထို့နောက်   ရှမ်းပြည်နယ်လွှတ်တော် အဆောက်အဦသစ် ဆိုင်းဘုတ်နှင့် ကဗ္မည်းမော်ကွန်းအား အမွှေးနံ့သာရည်တို့ဖြင့်ပက်ဖြန်းပေးကာ အဆောက်အဦသစ်ဖွင့်ပွဲ အထိမ်းအမှတ်သစ်ပင် စိုက်ပျိုးပေးကြသည်။

 

 

 

 

 

 

 

ဆက်လက်၍ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ   ဦးစိုင်းလုံးဆိုင်က ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများကို ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ လက်ဆောင်ပစ္စည်း အပြန်အလှန်ပေးအပ်ကြပြီး အဆောက်အဦသစ်အား လှည့်လည်ကြည့်ရှု့၍ ဧည့်မှတ်တမ်း တွင် လက်မှတ်ရေးထိုးကြကြောင်း သိရှိရသည်။ 

 

 

 

ထို့နောက် နံနက် ၉ နာရီတွင် တောင်ကြီးမြို့ သစ်တောရပ်ကွက်၊ အိမ်တော်လမ်းရှိ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရုံး အဆောက်အဦသစ်ကို ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ကချင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ လားဟူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ အာခါတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး၊ ကယန်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးသစ်ဆိုင်းဘုတ်အား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်တို့က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြကာ ကဗ္မည်းမော်ကွန်းအား  အမွှေးနှံ့သာရည်များ ပက်ဖြန်း ပေး၍ ရုံးတွင်း လှည့်လည်ကြည့်ရှှုုကြသည်။ 

 

 

 

ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရုံးသစ်အဆောက်အဦ အစည်းအဝေးခန်းမတွင် ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရုံးအဆောက် အဦးသစ်လုပ်ငန်းဆောင်ရွက်မှုအား ဗီဒီယိုဖိုင်ဖြင့် ရှင်းလင်းကာ အဆောက်အဦနှင့် ပတ်သက်သည့် စာရွက် စာတမ်းများကို Gread Horizon Construetion Group Col.td ကုမ္ပဏီ ဦးချမ်းသာမှ လွှဲပြောင်းပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်က လက်ခံရယူ၍ ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အဆောက်အဦသစ်ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်ပစ္စည်းများအား ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်ကို ပေးအပ်ခဲ့ကြောင်း ပြည်နယ် ပြန်/ဆက်မှ သိရသည်။

 

 

MDN