ရှမ်းပြည်နယ်ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

 

တောင်ကြီး          အောက်တိုဘာ         

 

၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ဘိလိယက်/စနူကာ ပြိုင်ပွဲတို့တွင် ရွေ၊ ငွေ၊ ကြေး ဆုတံဆိပ်ရရှိခဲ့သည့် ရှမ်းပြည်နယ်ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲကို အောက်တိုဘာ ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ ဘတ်စကက်ဘောအသင်း၊ ကြက်တောင်အသင်း၊ စားပွဲတင်တင်းနစ်အသင်း၊ ဘိလိယက်/စနူကာ အသင်း တို့မှ ကစားသမား တစ်ဦးချင်းက မိတ်ဆက်ကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းထံ

၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဒိုင်းဆု ရရှိခဲ့သော ရှမ်းပြည်နယ် အမျိုးသား ဘတ်စကက်ဘောအသင်းက ဒိုင်းဆုအပ်နှံသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရှမ်းပြည်နယ်ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ကြသည်။ ဆက်လက်၍ ရှမ်းပြည်နယ်ဂုဏ်ဆောင် အားကစားသမားများ ကိုယ်စား အားကစားသမားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

 

အင်းသားလေး(တောင်ကြီး)