ရှမ်းပြည်နယ်အစိုးရအဖွဲ့က လားရှိုးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန်(၅)မျိုးအား ကျန်ရှိအိမ်ထောင်စုများသို့ ဆက်လက်ထောက်ပံ့

လားရှိုး ၆ ဇူလိုင်

 

လားရှိုးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အခြေခံစားသောက် ကုန်(၅)မျိုးထောက်ပံ့ပေးအပ်ခြင်းကို အိမ်ထောင်စု(၉၅၃၂)စု တင်ပြခဲ့ပြီး အိမ်ထောင်စု(၅၈၀၆)စုသို့ ပေးအပ်ထောက်ပံ့ပေးခဲ့ပြီးဖြစ်သည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဖြန့်ဝေရန် ကျန်ရှိသော အိမ်ထောင်စု(၃၇၂၆)စုသို့ တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် လားရှိုးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ထောက်ပံ့နိုင်ရေး မြို့နယ်အဆင့် ကျေးရွာစာရင်းကောက်ယူရေးပူပေါင်းအဖွဲ့များဖြင့် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအာကာလင်းထံမှ သိရှိရသည်။

 

ဟန်ဌေး(လားရှိုး)