ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ပညာရေးကောလိပ်ရှိ Positive လူနာဆောင်အား သွားရောက်ကြည့်ရူ

တောင်ကြီး သြဂုတ် ၂၁

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် သြဂုတ် ၂၁ ရက် နံနက် ၁၀ နာရီက တောင်ကြီးမြို့ ပညာရေး ကောလိပ်ကျောင်းတွင် ဖွင့်လှစ်ထားသော Positive လူနာဆောင်အား သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

mdn

 

အဆိုပါ ပညာရေးကောလိပ်ကျောင်းတွင် Positive လူနာ အမျိုးသား (၉၃) ဦး၊ အမျိုးသမီး (၇၅) ဦး စုစုပေါင်း (၁၆၈) ဦးသည် တောင်ကြီးမြို့ပေါ်ရပ်ကွက်ရှိ ဒေသခံပြည်သူများဖြစ်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ  positive လူနာများအား နေ့စဉ် တစ်ရက် () ကြိမ် အစားအသောက်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် တာဝန်ရှိသူတို့က ကြည့်ရှုစစ်ဆေးကြသည်။ ဆက်လက်၍ လူနာများ ကုသပေးရန်အတွက် ကျန်းမာရေးဌာနမှ သောက်သုံးရန် ဆေးဝါးများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြပြီး Positive လူနာ ထပ်တိုးလာပါက ထားရှိနိုင်ရန် ပညာရေးကောလိပ်ကျောင်း၌ တိုးချဲ့အဆောင်အား သွားရောက်ကြည့်ရှု၍ ပညာရေးကောလိပ်ကျောင်းမှ ဝန်ထမ်းများအတွက် mask နှင့် PPE ဝတ်စုံများ ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

mdn

 

တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ  ကုသရေးဆေးရုံတွင် လူနာ  (၅၅) ဦး၊ အမျိုးသမီးနှင့် ကလေးဆေးရုံ ကုသရေး   စင်တာတွင် လူနာ စုစုပေါင်း () ဦး၊ Positive စင်တာများဖြစ်သည့် အမျိုးသမီးနှင့် ကလေးဆေးရုံတွင် လူနာ (၁၈) ဦး၊ ကွန်ပျူတာတက္ကသိုလ်တွင် လူနာ (၃၇) ဦး၊ တောင်ကြီး တက္ကသိုလ်တွင် လူနာ (၂၁၇) ဦး၊ ပညာရေးကောလိပ်တွင် (၁၆၈) ဦး၊ အားကာသိပ္ပံ (အေးသာယာ) တွင် (၁၁၁) ဦး၊ ..က (စက်မှုဇုန်) တွင် လူနာ (၈၈) ဦး၊ Positive လူနာ စုစုပေါင်း (၆၃၉) ဦးရှိကြောင်း သိရှိရသည်။

 

မောင်မောင်သန်း (တောင်ကြီး)