ရမည်းသင်းမြို့တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

ရမည်းသင်း ဇန်နဝါရီ ၄

မန္တလေးတိုင်းဒေသကြီး၊ ရမည်သင်းမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲများကို  ဇန်နဝါရီ ၃ ရက်  မွန်းလွဲ ၂ နာရီကအမျိုးသား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်မြန်မာ့ရိုးရာ ခြင်းလုံး ခတ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ကြောင်းသိရသည်။

အမျိုးသားဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲကိုအောင်မင်္ဂလာရပ်ကွက်ရှိ ခရိုင်မီးသတ်ဝန်း၌ ကျင်းပရာအောင်မင်္ဂလာရပ်ကွက်အသင်းက စီဗွီလိုင်းရပ်ကွက်အသင်းကိုနှစ်ပွဲ ပြတ်ဖြင့်အနိုင်ရရှိပြီးပြိုင်ပွဲအပြီးတွင်းဆုရရှိသည့်အသင်းများအားဆုအသီးသီးချီးမြှင့်ကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ၊ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်ထွန်းကပထမရရှိသည့် အောင်မင်္ဂလာရပ်ကွက်အသင်းအား ဂုဏ်ပြုဆုငွေနှင့် ဒိုင်းဆုကိုချီးမြှင့်ပေးအပ်သည်။

ထို့နောက် ဝါတိုးရပ်ကွက်ရှိ လူမှုထူးချွန်စာကြည့်တိုက်ရှေ့၌ ကျင်းပသည့် မြန်မာ့ရိုးရာခြင်းခတ်ပြိုင်ပွဲဆုရရှိသည့်အသင်းများအားခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများကဆုများသီးသီးပေးအပ်ချီးမြှင့်ပြီး (နေပြည်တော် ပျဉ်းမနား)မှအားမာန်ခတ်တဲ့သန်းတစ်ရာခြင်းအဖွဲ့မှမြန်မာ့ရိုးရာခြင်းအလှခတ်သရုပ်ပြခဲ့ကြောင်းသတင်းရရှိသည်။

ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)