ရှမ်းစုကုန်းကျေးရွာတွင် မိုးကြိုးပစ်ရာမှ လျှပ်စစ်စီးဝင်၍ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

မိုးညို ၂ မေ

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အင်းတ္တော်လုပ်အုပ်စု၊ ရှမ်းစုကုန်းကျေးရွာတွင် ယမန်နေ့ညနေ ၅ နာရီအချိန်က မိုးကြိုးပစ်ရာမှ လျှပ်စစ်စီးဝင်ပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ရှမ်းစုကုန်းကျေးရွာနေသူ ဒေါ်သန်း (၆၅)နှစ်၊ ကျဘမ်းလုပ်သူသည် ရေချိုးပြီးနေအိမ်ထဲတွင် အဝတ်အစားလဲနေစဉ် မိုးရွာလာပြီး လျှပ်စစ်စီးဝင်မှုကြောင့် လဲကျသေဆုံးသွားခဲ့ပြီး နေအိမ် ရှေ့ တံစက်မြိတ်အောက်တွင် မိုးရေချိုးနေသော မြေးဖြစ်သူ မောင်းဝိုင်းချစ်(၁၄)နှစ်မှာလည်း သတိလစ်လဲကျသွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်ကြောင့် သေဆုံးသူဒေါ်သန်းနှင့် သတိလစ်လဲကျသွားခဲ့သော မောင်ဝိုင်းချစ်တို့အား မိုးညိုပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး မောင်ဝိုင်းချစ်အားဆေးကုသမှုများဆောင်ရွက်ပေးလျက်ရှိပြီး ဒေါ်သန်းနှင့်ပတ်သက်၍ ဓမ္မတာ အတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် မိုးညိုမြို့မရဲစခန်းက အမှုရေးဖွင့် ဆောင်ရွက်လျက်သည်။

 

ကိုမင်း(မိုးညို)