ရမ်းဗြဲမြို့တွင် (၄၄) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပ

ရမ်းဗြဲ ၁၅ ဒီဇင်ဘာ 

 

(၄၄) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက် (၇)  နာရီက ရမ်းဗြဲမြို့ ရမ္မာဝတီခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှ (၄၄) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းနားသို့ ပေးပို့သော သဝဏ်လွှာအား ရမ်းဗြဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ဖတ်ကြားခဲ့သည်။

၎င်းအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊  ဆရာဆရာမများ၊ ကျောင်းသား/သူများ မြို့ပေါ် (၆)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ၊ နိုင်ငံရေးပါတီမှကိုယ်စားလှယ်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

 

ဆက်လက်ပြီး နံနက်ပိုင်းတွင် ပျော်ပွဲ ရွှင်ပွဲများအဖြစ် အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ၊  အမျိုးသား၊ အမျိုးသမီး  မြို့ပတ်အပြေးပြိုင်ပွဲများ၊ လွန်ဆွဲပြိုင်ပွဲ၊ ချောတိုင်တက်ပွဲများနှင့် ကလေးများအတွက် အားကစားနည်းပေါင်းစုံပြိုင်ပွဲများကို စည်ကားစွာကျင်းပခဲ့ကြသည်။

ညပိုင်းတွင်လည်း  စင်တင်တေးဂီတအဖွဲ့နှင့်အတူ ရခိုင်သီချင်းဆိုပြိုင်ပွဲများကိုလည်း ဆက်လက်ယှဉ်ပြိုင် ဖျော်ဖြေသွားကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

အောင်နိုင် (ရမ်းဗြဲ ၊ ပြန်/ဆက်)