ရမ်းဗြဲမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ  အခမဲ့ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိ

ရမ်းဗြဲ  ဇွန်  ၂၈ 

ရခိုင်ပြည််နယ်၊ ရမ်းဗြဲမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားများလက်ဝယ်ကိုင်ဆောင်ခွင့်ရရှိစေရန်အတွက် ပန်းခင်းစီမံချက်အရ  နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ရမ်းဗြဲမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးတွင်  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်တားဆီးရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ပန်းခင်းစီမံချက်အရ ရမ်းဗြဲမြို့နယ်အတွင်းမှ ပြည်သူများကို အသက် ၁၀ နှစ်ပြည့်ပြီးသူများနှင့် အသက် ၁၈ နှစ်ပြည့်ပြီးသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ မပြုလုပ်ရသေးသောသူများ မရှိသေးသောသူများကို အသစ်ပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး/ပျောက်ဆုံးသူများအား ပြန်လည်လျှောက်ထားစေခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးခြင်းနှင့် မွေးတိုးစာရင်းများ ဖြည့်သွင်းပေးခြင်းများနှင့် သေဆုံးသူများကို အိမ်ထောင်စုလူဦးရေစာရင်းမှ ပယ်ဖျက်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့  ပန်းခင်းစီမံချက်ကာလအတွင်း ၂၀၂၁ ခုနှစ်၊ ဇွန်လ ထိ ရမ်းဗြဲမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ခဲ့သူ  (၄၇၇) ဦး နှင့် အိမ်ထောင်စုလူဦးရေစာရင်း (၁၇၃) ခု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းကို ရမ်းဗြဲမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး၏ ပြောကြားချက်အရသိရသည်။

အောင်နိုင်ဖြိုး(ပြန်/ဆက်)