ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအား UNDP မှ Country Director နှင့်အဖွဲ့လာရောက်တွေ့ဆုံ

စစ်တွေ  ၂  ဇူလိုင် 

ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှနှင့် ဒုတိယဥက္ကဋ္ဌ ဦးမြသန်းတို့အား UNDP မှ Country Director Mr.Peter Batchelor နှင့်အဖွဲ့သည် ယနေ့မွန်းလွဲ ၂ နာရီတွင် ရခိုင်ပြည်နယ် လွှတ်တော်ရုံးသို့ လာရောက်တွေ့ဆုံသည်။

တွေ့ဆုံရာတွင် UNDP အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ပတ်သက်ပြီး လေ့လာဆန်း စစ်မှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ပြန်လည်လက်ခံရေးဆိုင်ရာနှင့် ပြန်လည်နေရာချထားရေး ကိစ္စရပ်များတွင် နိုင်ငံတော်အစိုးရနှင့်ပူးပေါင်းပြီး လေ့လာဆန်းစစ်မှုများ ဆောင်ရွက်ကာ လိုအပ်ချက်များဖြည့်ဆည်းကူညီပေးမည့် အခြေအနေများနှင့် ရခိုင်ပြည်နယ် တောင်ပိုင်းနှင့်စစ်တွေမြို့နယ်အတွင်း ဂျပန်နိုင်ငံမှ ထောက်ပံ့သောငွေဖြင့် ဆောင်ရွက်နေသော လုပ်ငန်းများအား ရှင်းလင်တင်ပြခဲ့ရာ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက လိုအပ်ချက်များကို အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။

အောင်သူရ၊ ဟန်လင်းနိုင်

ဓာတ်ပုံ- ရခိုင်ပြည်နယ်လွှတ်တော်