ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျောက်သည် မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်နှင့် မောင်တောခရိုင်တရားသူကြီး ဦးခင်မာင်မြင့်တို့နှင့်အတူ ဒီဇင်ဘာလ ၂၁ ရက် နံနက် ၁၁ နာရီက မောင်တောခရိုင် ဘူးသီးတောင်မြို့ အကျဉ်ထောင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်နယ်တရားသူကြီးချုပ်က အကျဉ်းသား၊ အကျဉ်းသူများနှင့် တွေ့ဆုံ၍ ဥပဒေပါ အခွင့်အရေးများရရှိမှု၊ အကျဉ်းသား၊ အကျဉ်းသူများအား သီးသန့်ဆောင်တွင် နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိ/မရှိ၊ ကြန့်ကြာနေသော စစ်ဆေးဆဲ အချုပ်တရားခံများ ရှိ/မရှိ မေးမြန်းစစ်ဆေးကာ အကျဉ်းထောင် လက်စွဲနှင့်အညီ ဆောင်ရွက်ပေးရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းမှာကြားသည်။
မြို့နယ် ပြန်/ဆက်