ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စု ၁၃၈၆၀ စုအား စတုတ္တအကြိမ်မြောက် အဖြစ် စားဆီများ ထောက်ပံ့ပေးအပ်

မောင်တော   ၅   နိုဝင်ဘာ  

 

ရခိုင်ပြည်နယ် မောင်တောခရိုင် မောင်တောမြို့နယ်၌  C0VID-19 ကူးစက်ရောဂါ ဖြစ်ပွားမှုကြောင်း စတုတ္တ အကြိမ်မြောက်အဖြစ် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံအိမ်ထောင်စု (၁၃၈၆၀)ကို အိမ်ထောင်စုတစ်စုလျှင် စားဆီ (၂)လီတာနှုန်းဖြင့် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ခြင်းကို နိုဝင်ဘာ ၅ ရက် နံနက် ၁၀ နာရီက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ထို့သို့ ထောက်ပံ့ငွေပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ရဲ က ထောက်ပံ့ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ တစ်ဆင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကာ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု(၉၀) အုပ်စုရှိ ပုံမှန် ဝင်ငွေ မရှိသည့် အခြေခံအိမ်ထောင်စု (၁၃၈၆၀)စုအား စတုတ္တအကြိမ်မြောက် အဖြစ် အိမ်ထောင်စု (၁)စုလျှင် စားဆီ(၂)လီတာနှုန်းဖြင့် စုစုပေါင်း စားဆီ(၉)လီတာဘူး (၁၅၄၀) ဘူးအား နိုင်ငံတော်မှ ထောက်ပံ့ပေးပြီး သက်ဆိုင်ရာ ရပ် ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် များမှ ပုံမှန် ဝင်ငွေမရှိသည့် အခြေခံ အိမ်ထောင်စုများ၏ လက်ဝယ် အရောက် ယနေ့မှ စတင် ၍ ပေးအပ်လျက် ရှိကြောင်း သိရသည်။ 

 

သက်လွင်စိုး  ခရိုင် (ပြန်/ဆက်)