ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ အသက် ၈၅ နှစ်အထက် ဘိုးဘွား(၁၄၆)ဦးအား လူမှုရေး ပင်စင်များ ထောက်ပံ့ပေးအပ်

မောင်တော  ၂၄  စက်တင်ဘာ 

 

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္တ(၃)လပတ် အတွက် အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား ထောက်ပံ့ခြင်းကို စက်တင်ဘာ ၂၄ ရက်က မြို့ပေါ်ရပ်ကွက် များတွင် မြေပြင် ကွင်းဆင်း၍ သွားရောက်ပေးအပ်ခဲ့ကြသည်။

 

ထို့သို့ပေးအပ်ရာတွင်  ခရိုင်လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူး ဦးစီးအရာရှိ ဒေါ် ခင်လှနွယ် နှင့် တာဝန် ရှိသူများက မြို့ပေါ်ရပ်ကွက်များရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွား(၄၅)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ ငွေပေးအပ်ခဲ့ကြပြီး ကျေး ရွာများရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွား(၁၀၁)ဦးအား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက သွားရောက်ပေး အပ်သွားမည်ဖြစ်သည်။ ယခု ပေးအပ်သော လူမှုရေးပင်စင်များမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ၊ စတုတ္တသုံးလပတ် (ဇူလိုင် ၊ ဩဂုတ် ၊ စက်တင်ဘာ )လများ အတွက်  ဘိုးဘွားတစ်ဦးလျှင် (၃၀ဝ၀ဝ)နှုန်းဖြင့် အဘိုး (၅၂) ဦး နှင့် အဘွား (၉၄)ဦး စုစုပေါင်း ၁၄၆ ဦးအတွက် ငွေကျပ် (၄၃၈၀ဝ၀ဝ)အား ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း သိရသည်။

 

အလားတူ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဘိုးဘွား(၁၄၀)ဦးအတွက် ငွေကျပ်(၄၂၀ဝ၀ဝ၀)အား  မြို့နယ်ဦးစီးမှူး နှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)