ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း မပေါ်ပေါက်လာစေရေးအတွက် ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များ လှည့်လည်​ကြေညာခြင်းနှင့် ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိ

မောင်တော  ၂၃  ဩဂုတ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း မပေါ်ပေါက်လာစေရေးအတွက်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ထုတ်ပြန်ထားသော အများပြည်သူ သိရှိလိုက်နာရမည့် လမ်းညွှန်ချက်များကို လှည့်လည်ကြေညာခြင်း နှင့် ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ဩဂုတ် ၂၃  ရက် က  မြို့ပေါ် ရပ်ကွက်၊ ကျေးရွာများတွင် လုပ်ဆောင်ခဲ့​ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉​ ရောဂါကူးစက်ပြန့်ပွားမှု မရှိ​စေ​ရေး၊ ကာကွယ်ထိန်းချုပ်နိုင်​ရေးတို့အတွက် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော  ညွှန်ကြားချက်များကို အသံချဲ့စက်ဖြင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက မြို့မဈေးကြီးရှေ့၊ ဝိမလ၊ ရွာသစ်၊ ဗိုလ်မှူးရွာ၊ နာရီစင်လမ်းဆုံ၊ အောင်မြေဗောဓိ၊ အောင်ဗလကျေးရွာ၊ ကညင်တန်း ရပ်ကွက်များသို့ လိုက်လံကြေညာခဲ့ကြပြီး ထို့အတူ ကျေးရွာများရှိ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက  မကျည်းကုန်း၊ ဝေသာလီ၊ သာယာကုန်း၊ ငွေတောင်၊ ကံပြင်သာစည် အထက်ရွာနှင့် အောက်ရွာ၊ ရွာသာယာ ကျေးရွာများသို့ ကွင်းဆင်းကာ Handspeaker ဖြင့် လှည့်လည်၍ ကြေငြာပေးလျှက်ရှိကြောင်း သိရသည်။

 

mdn

 

၎င်းအပြင် ဌာနဆိုင်ရာများ ပူးပေါင်း အဖွဲ့သည်  (၃) မိုင်စစ်ဆေးရေး ဂိတ် နှင့် အင်းဒင် စစ်ဆေးရေး ဂိတ်များ တွင် အငူမော်ဘက် မှ မောင်တောမြို့ နှင့် ဘူးသီးတောင်မြို့ဘက်သို့ ဝင်ရောက်လာသော ပြည်သူများအား ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း၊ စာရင်းကောက်ယူခြင်း၊ နှာခေါင်းစည်း Mask များ စနစ်တကျ တင်ဆင်ပြီးမှ ဝင်ရောက်စေခြင်း နှင့် မြို့နယ်အတွင်း အသိပညာပေးလုပ်ငန်းများကို တာဝန်ရှိသူများက စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)