ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာအသစ် (၇)ဦး ထပ်မံတွေ့ရှိပြီး (၅၂)ဦး ဆေးရုံဆင်းခွင့်ရ

မောင်တော      ဇူလိုင်  ၁၅

ရခိုင်ပြည်နယ်  မောင်တောမြို့၌    ပိုးတွေ့ရှိခဲ့သည့်   လူနာများနှင့်  ထိတွေ့ခဲ့သူများ၊   ဖျားနာ၊ ချောင်းဆိုး၊ အ သက်ရှူကြပ်ပြီး မောင်တောပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့သူများအား  ဇူလိုင် ၁၄ ရက်တွင် Rapid Diagn ostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ  စစ်ဆေးသူများအနက်မှ (၇) ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရ သည်။    

အဆိုပါ ပိုးတွေ့ လူနာများသည် မောင်တောမြို့ပြည်သူ့ဆေးရုံ နှင့် ယာယီဆေးရုံငယ်တို့ရှိ ကိုဗစ်-၁၉ အတည်ပြု သီးသန့်ဆောင်တို့တွင် ကျန်းမာရေး စောင့် ရှောက်မှု ခံယူလျက်ရှိပြီး  ဇူလိုင် ၁၄ ရက်တွင် ကိုဗစ်-၁၉ ရောဂါ အတည် ပြုလူနာများအနက် (၅၂)ဦး ဆေးရုံဆင်းခွင့်ရရှိခဲ့ကြောင်း သိရသည်။

ယခုအခါ မောင်တောမြို့၌ ဇွန် ၁၀ ရက်မှ ဇူလိုင် ၁၄ ရက် ညနေပိုင်းထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း (၃၃၀)ရှိရာ (၂၂၈)ဦးကို သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရက်ပြည့်မြောက်ပြီး ရောဂါလက္ခဏာ ထပ်မံပြသမှုမရှိသဖြင့် ဆေးရုံဆင်းခွင့်ပြုခဲ့သည်။ သေဆုံးသူ (၅)ဦးရှိပြီး လက်ရှိ မောင်တောမြို့၌ ဆေးကုသမှုခံ ယူနေသူ (၉၇) ဦးရှိကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။   

သက်လွင်စိုး  ခရိုင် (ပြန်/ဆက်)