ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၆၅)နှစ် နှင့် အထက်ပြည်သူများအား  ကိုဗစ်-၁၉ ကာကွယ်ဆေးကို စတုတ္တနေ့အဖြစ် ဆက်လက်ထိုးနှံပေး

မောင်တော  ဩဂုတ်  ၅

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၆၅)နှစ် နှင့် အထက် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား   တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဩဂုတ် ၅ ရက်တွင် စတုတ္တနေ့အဖြစ် လူမျိုးဘာသာမရွေး  ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။


ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများအားက လာရောက် ထိုးနှံ သည့် အသက်(၆၅)နှစ်နှင့်အထက်ပြည်သူများနှင့် ဦးစားပေးအစီအစဉ်တွင် ပါဝင်သူများအား ကိုယ်အပူချိန် တိုင်းတာ ခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန် အ ခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကျန်းမာရေး စောင့် ရှောက်မှုများဆောက်ရွက်ပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ် ကြက်ခြေ နီ တပ်ဖွဲ့ဝင်များက ကူညီ ဆောင်ရွက်ပေး လျှက်ရှိသည်။ 

ကာကွယ် ဆေးထိုးနှံနိုင်ရန်အတွက် မောင်တောမြို့နယ်အတွက် ခွဲတန်းရရှိသည့် ကာကွယ်ဆေးအရေအတွက်မှာ (၁၄၉၀) လုံးဖြစ်ပြီး ဦးစားပေး အစီအစဉ်အရ ကာကွယ်ဆေးထိုးနှံရန် လျာထားလူဦးရေ (၂၉၈၀)ဦး ထိုးနှံပေး မည် ဖြစ်သည်။ အသက် ၆၅ နှစ်နှင့် အထက်  ပြည်သူ များ အား  လူမျိုး ဘာ သာ မရွေး Sinopharm အမျိုးအစား ကာ ကွယ် ဆေး ထိုးနှံ ပေးခြင်းကို  ဩဂုတ် ၂ ရက် ပထမနေ့တွင် မောင်တောမြို့နယ်အတွင်း လူဦးရေ (၇၅၉)ဦးအား လည်း ကောင်း ၊ ဒုတိယနေ့တွင်  လူဦးရေ (၅၉၈)ဦးအားလည်းကောင်း၊ တတိယနေ့တွင် လူဦးရေ(၃၂၉)ဦးအား တို့အား ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း  မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။ 


ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ၂၀၂၁ ခုနှစ် ၊ ဩဂုတ် (၂)ရက် နေ့မှ ဩဂုတ် (၇) ရက် နေ့ထိ   နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သတ်မှတ်နေရာများတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့် အညီ ထိုးနှံ ပေးမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)