ရခိုင်​ပြည်နယ် အမ်းမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ် ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိ

အမ်း ၂၇ ဇန်နဝါရီ

ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများကို မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနတွင် ဇန်နဝါရီလ (၂၇) ရက် နံနက် ၉ နာရီက ကိုဗစ် ကာကွယ်ဆေး စတင်ထိုးနှံလျှက် ရှိကြောင်း သိရသည်။

အဆိုပါ COVID-19 ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးရာတွင် အမ်းမြို့နယ်၌ ကျန်းမာရေးဝန်ထမ်းများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများပါဝင်ကာ စုစုပေါင်း(၂၇၇)ဦးအား ထိုးနှံပေးလျက်ရှိသည်။

စိုးမင်းထွန်း(ပြန်/ဆက်)