ရိုတာဗိုင်းရပ် (စ်) ကာကွယ်ဆေးနှင့် ဆုံဆို့ - မေးခိုင်ပါဝင်သော ကာကွယ်ဆေး (Penta - 4) ကို ဖေဖော်ဝါရီလတွင် စတင်ထည့်သွင်း တိုက်ကျွေးမည်

ညောင်လေးပင်  ၂၉  ဇန်နဝါရီ


ညောင်လေးပင်မြို့နယ်၊  ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ဆုံဆို့ - မေးခိုင် ပါဝင်သော ကာကွယ်ဆေး (Penta - 4) ကို ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်း၊ ထိုးနှံခြင်း အစီအစဉ်တွင် စတင်ထည့်သွင်း တိုက်ကျွေးသွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ က  မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ယင်းသို့  ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ဆုံဆို့ - မေးခိုင် ပါဝင်သော ကာကွယ်ဆေး (Penta -4) ထည့်သွင်း တိုက်‌ကျွေးမည့် အစီအစဉ်နှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ‌‌သောင်းဒန်ဦးက ကာကွယ်ဆေး တိုက်ကျွေးမည့် အစီအစဉ်များ၊ မြို့နယ်အတွင်း ကာကွယ်ဆေး လွှမ်းခြုံနိုင်မှုရှိစေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ကူးစက်ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်များကို ရှင်းလင်းပြောကြားရာ တက်ရောက်လာသူများက သိလိုသည်များ မေးမြန်းဆွေးနွေး ကြသည်။
 
ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများ၊ ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး
၎င်းအစီအစဉ်ကို ဖေဖော်ဝါရီလမှ စတင်၍ နိုင်ငံတစ်ဝှမ်းလုံးတွင် ထည့်သွင်း တိုက်ကျွေးသွားမည်ဖြစ်ကာ  ညောင်လေးပင်မြို့နယ်တွင် ဖေဖော်ဝါရီ ၁ ရက်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စတင်တိုက်ကျွေးမည်ဖြစ်ကြောင်း သိရသည်။

 

သက်လွင် (ညောင်လေးပင်)

 

mdn