ရိုက်ကွင်းမှာ လက်နက်အစစ်တွေ အသုံးပြုခြင်းရပ်ဆိုင်းဖို့ ဝိန်းဂျွန်ဆင် ကတိပြု

နိုဝင်ဘာ ၇

ဟောလိဝုဒ်ရဲ့ ကျော်ကြားတဲ့သရုပ်ဆောင် တစ်ဦးဖြစ်သူ ဝိန်းဂျွန်ဆင်က သူပါဝင် ရိုက်ကူးတဲ့ရုပ်ရှင်တွေမှာ လက်နက်အစစ်တွေ ထည့်သွင်းအသုံးပြုရိုက်ကူးတာတွေ မပြုလုပ်ပါဘူးလို့ လတ်တလောမှာ ကတိပြုခဲ့ကြောင်း အေးရှားဝမ်းဒေါ့ကွန်း ရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဝိန်းဂျွန်ဆင် ပါဝင်ထားတဲ့တိုက်ခိုက်ရေးရုပ်ရှင် Red Notice လော့စ်အိန်ဂျလိစ်မှာ အထူးပွဲပြသမှုနဲ့အတူ ဗရိုင်ရတီနဲ့ တွေ့ဆုံမေးမြန်းမှုအတွင်း လက်နက်အစစ်တွေ အသုံးပြုမှာမဟုတ်ကြောင်း သူက ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဝိန်းဂျွန်ဆင်က အခြားသူ တွေအတွက်ပြောကြားနိုင်ခြင်းမရှိပေမယ့် သူ့အနေနဲ့ကတော့ ရိုက်ကွင်းပေါ်မှာ ၊ လက်နက်အစစ်တွေ အသုံးပြုတာကို ရပ်တန့်ဖို့ ကတိပြုနိုင်ကြောင်း ဆိုပါတယ်။ သူက ရုပ်ရှင်မှာသာမက ဘယ်လိုရုပ်သံအစီအစဉ်မျိုးမှာပဲဖြစ်ဖြစ် အသုံးပြုမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

အသက် ၄၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝိန်းဂျွန်ဆင်က လက်နက်အစစ်တွေအစား ရော်ဘာနဲ့ ပြုလုပ်ထားတဲ့ အရာတွေကို အစားထိုးအသုံးပြုသွားမှာဖြစ်ကြောင်းနဲ့ အဲဒီအတွက် ကုန်ကျစရိတ်ကို ထည့်သွင်းစဉ်းစားမှာ မဟုတ်ကြောင်းလည်း ဆိုပါတယ်။

ဒါ့အပြင် ဝိန်းဂျွန်ဆင်က ပြီးခဲ့တဲ့ လအတွင်း ဖြစ်ပွားခဲ့တဲ့ ရိုက်ကွင်းပေါ်က သေနတ်မတော်တဆမှုနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အတော်လေး စိတ်မကောင်း ဖြစ်ရတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ အဆိုပါ မတော်တဆမှုအတွင်း သရုပ်ဆောင် ဘောဝင်န် ပစ်ခတ်ခဲ့တဲ့ သေနတ်ကြောင့် ရုပ်ရှင်ဝိုင်းတော်သားတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အေးပြည့်