ရိခေါ်ဒါရ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ပြည်သူများထံအသိပညာပေးလှည့်လည် ဆော်သြ

ရိခေါ်ဒါရ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ပြည်သူများထံအသိပညာပေးလှည့်လည် ဆော်သြ

 

ရိခေါ်ဒါရ်     ဇူလိုင်   ၂၁

 

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ပြည်သူများထံအသိပညာပေးလှည့်လည် ဆော်သြခြင်းကို ဇူလိုင် ၂၁ ရက်က ရိခေါ်ဒါရ်မြို့၊  မြို့ပေါ်ရပ်ကွက်()ခုအတွင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ပြည်သူများထံအသိပညာပေးလှည့်လည် ဆော်သြရာတွင် အခြားမြို့နယ်ဒေသများမှ ရိခေါ်ဒါရ်မြို့ဒေသအတွင်း ဝင်ရောက်လာသည့် လူနှင့် ယာဉ်များ ဝင်ထွက်သွားလာမှုနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ရမည့်အချက်များ၊ လူအများစုဝေးခြင်း၊ အခမ်းအနားပြုလုပ်ခြင်းနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ရမည့်အချက်များ၊ စားသောက်ဆိုင်များ၊ ဈေးဆိုင်များနှင့် ဆိုင်များဖွင့်လှစ်ရောင်းချခြင်း၊ ပြည်သူများခရီးသွားလာခြင်း စသည်တို့နှင့်စပ်လျဉ်း သည့် ဆောင်ရွက်ရမည့်အချက်များ၊ တတ်နိုင်သမျှ မိမိတို့နေအိမ်အတွင်း၌သာ နေထိုင်ရေး၊ မလွှဲ ရှောင်သာသော အရေးကြီးသည့်ကိစ္စရပ်များအတွက် အပြင်ထွက်သွားလာရန်လိုအပ်လာပါကလည်း နှာခေါင်းစည်းနှင့် မျက်နှာအကာများ မဖြစ်မနေတပ်ဆင်ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ အသိပေးချက်များအား ပြည်သူများ လိုက်နာရေး စသည့်အချက်များကို ရပ်ကွက်အတွင်း လက်ကိုင်စပီကာဖြင့် လှည့်လည်ဆော်သြခဲ့ ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ပြည်သူများထံအသိပညာပေးလှည့်လည် ဆော်သြခြင်းကို မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများပူးပေါင်းပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပြည်သူများအသိပညာ ပေးလှည့်လည်ဆော်သြခြင်းကို နေ့စဉ်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ပက်ကာ (ရိရေကန်)