ရီးယဲလ်မက်ဒရစ်အသင်းကို လေးဂိုးပြတ်အနိုင်ရရှိပြီး ဘာစီလိုနာအသင်း လာလီဂါ ၁၂ ပွဲဆက်ရှုံးပွဲမရှိ စံချိန်တင်

ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ မတ် ၂၀ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲစဉ်မှာ ဘာစီလိုနာအသင်းက ရီးယဲလ်မက်ဒရစ်အသင်းကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဘာစီလိုနာအသင်း အတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၂၉ မိနစ်နဲ့ ၅၁ မိနစ်တို့မှာ အူဘာမီယန်က နှစ်ဂိုး၊ ပွဲကစားချိန် ၃၈ မိနစ်မှာ အေရာယူဂျိုက တစ်ဂိုးနဲ့ ၄၇ မိနစ်မှာ  ဖာရန်တောရက်စ်က တစ်ဂိုးအသီးသီး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါပြိုင်ပွဲမှာ ၂ ပွဲ ဆက်တိုက်ရှုံးပွဲမရှိ စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

အခုပွဲစဉ်မှာ သွင်းဂိုးနှစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး အူဘာမီယန်ဟာ အခုနှစ်ဘောလုံးရာသီမှာ ဘာစီလိုနာ အသင်းနဲ့အတူ သွင်းဂိုး ကိုးဂိုးအထိရှိလာခဲ့ပြီး လက်ရှိအချိန်မှာ တိုက်စစ်မှူး ဒီပေးက သွင်းဂိုး ၁၀ ဂိုးနဲ့ အသင်းအတွက် ဂိုးအများဆုံးသွင်းယူထားတာဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ ဘာစီလိုနာအသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် စပိန်လာလီဂါပွဲစဉ် ၂၉ ပွဲ ကစားပြီး ချိန်မှာ ရမှတ် ၆၆ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး ဘာစီလိုနာအသင်း ကတော့ ရီးယဲလ်မက်ဒရစ်အသင်းကို အနိုင်ရရှိခဲ့လို့ လာလီဂါ ၂၈ ပွဲကစားပြီးချိန်မှာ ရမှတ် စုစုပေါင်း ၅၄ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် (၃) နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ငွေကြယ်