ရေဦးမြို့နယ် ဇီးကုန်းကျေးရွာတွင် ကျေးရွာသောက်သုံးရေဖူလုံစေရေး တွင်းနက်တူးဖော်နေမှုကွင်းဆင်းစစ်ဆေး

ရေဦး  ၂၇ ဇန်နဝါရီ 

စစ်ကိုင်းတိုင်းဒေသကြီး  ရေဦးမြို့နယ်  ဇီးကုန်းကျေးရွာတွင် ကျေးလက်ဒေသဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ခွင့်ပြုငွေဖြင့်  ကျေးရွာသောက်သုံးရေဖူလုံစေရေး တွင်းနက်တူးဖော်နေမှုကို ယနေ့နံနက်  ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှုး ဦးနိုင်လင်းဦးနှင့် ၀န်ထမ်းများမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။

တွင်းနက်တူးဖော်ခြင်းလုပ်ငန်းကို တင်ဒါအောင် သန့်ကြယ်စင်ကုမ္ပဏီက တာ၀န်ယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သန်းသန်း(ရေဦး)