ရွှေတိဂုံစေတီတော်ကြီး၏ ၅၇၇ ကြိမ်မြောက် အလှူတော်ငွေပေးအပ် လှူဒါန်းပွဲနှင့် ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကျင်းပ

ရန်ကုန် ၃ မတ်

 

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က စီစဉ်ကျင်းပသော ရွှေတိဂုံစေတီတော်ကြီး၏ ၅၇၇ ကြိမ်မြောက် အလှူတော်ငွေပေးအပ် လှူဒါန်းပွဲနှင့် အလှူရှင်များအား ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက စေတီတော် ရင်ပြင်တော် တောင်ဘက် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။

 

741

 

ရှေးဦးစွာ   အလှူရှင်များက အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ ဒေါက်တာရဲအောင်နှင့်   အဖွဲ့ဝင်များက လက်ခံပြီး ထုတိအနုမောဒနာ ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

 

ထို့နောက် နိုင်ငံတော် ဩဝါဒါစရိယ၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါစရိယ အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက် အဂ္ဂမဟာပဏ္ဍိတ   ဘဒ္ဒန္တ တိလောကာဘိဝံသထံမှ ဂေါပကအဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာ တရားနာယူကြသည်။ 

 

96325

 

ယနေ့ကျင်းပသည့် အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲတွင် ရွှေသင်္ကန်းတော်(ရွှေပြား) အလှူရှင် ၁၁၁ ဦးက ရွှေပြား ၁၄၂ ချပ်၊ ရင်ပြင်တော်အခင်း ကျောက်ပြား အလှူရှင်များက ကျောက်ပြား ၅၇၆၂၆ ချပ် လှူဒါန်းခဲ့ကြပြီး ငွေသားအလှူရှင် ၃၀ အပါအဝင် လှူဒါန်းငွေစုစုပေါင်း ကျပ် ၁၅၄၀၁၅၂၉၅၀ ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)