ရွှေတောင်မြို့၌ Mobile Library ကွင်းဆင်းဆောင်ရွက်

ရွှေတောင် ၅ နိုဝင်ဘာ

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အတွင်းရှိ ပြည်သူများ စာဖတ်သည့် အလေ့အကျင့်တိုးပွားစေရေး၊ စာတတ်သူတိုင်း စာဖတ်နိုင်ရေးအတွက်Mobile Library ဝန်ဆောင်မှုကို ယနေ့ နံနက်ပိုင်းက ကြက်ဖြူတောင်အမက၌ ဆောင်ရွက်ခဲ့သည်။

 

ယင်းသို့ဆောင်ရွက်ရာတွင် စာကြည့်တိုက်မှူး ဒေါ်နွေးဒါလီနိုင်က ပုံပြင်စာအုပ်ဖတ်ပြခြင်း၊ စက္ကူပြဇာတ် ပြသခြင်းတို့ ဆောင်ရွက်ခဲ့ရာ ကလေးများစိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့သည်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရွှေတောင်မြို့နယ်ရုံးအနေဖြင့် လစဉ် Mobile library ဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဉီးစီးဌာနမှ သိရသည်။

 

MDN