ရွှေသွေးဂျာနယ်ထွက်ရှိ

နေပြည်တော်  ၁၆ ဧပြီ

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

ဧပြီ ၁၈ ရက် (စနေနေ့)တွင် ထုတ်ဝေမည့် ရွှေသွေးဂျာနယ်တွင် စိတ်သဘောထားရိုးသားပြီး သူတစ်ပါးအပေါ် ကူညီတတ်သော စိတ်စေတနာရှိခြင်းသည် မိမိတွင်လည်း ကောင်းကျိုးများရရှိခံစားရပုံ အကြောင်းကို ရေးဖွဲ့ထားသည့် “ထင်းခုတ်သမားလေး” မျက်နှာဖုံးကာတွန်း၊ ရွှေသွေးပရိသတ်များ ဗဟုသုတ တိုးပွားစေရန်အလို့ငှာ နိုင်းမြစ်ဝှမ်းရှိ အီဂျစ်လူမျိုးတို့၏ နေထိုင်စားသောက်ပုံအကြောင်းကို တင်ဆက်ထားသည့် သုတဆောင်းပါး၊ တစ်ပါးသူအား အမြင်ဖြင့် အထင်သေးသောစိတ် မဖြစ်မိစေရန် သတိထားသင့်ပုံ အကြောင်းကိုရေးဖွဲ့ထားသည့် “ဖျားနဲ့ကျား” နှစ်မျက်နှာကာတွန်း၊ ငှက်ကလေးများကို အစာကျွေး ရန် ငှက်စာစင်ကလေးကို ကူညီဆောက်လုပ်ပြီး နောက် ပီတိဖြစ်နေသော ရှင်းရှင်း၏ အဖြစ်ကို ရေးဖွဲ့ထားသည့် ကလေးဝတ္ထုအပါအဝင် ရွှေသွေးအင်္ဂလိပ် စကားဝိုင်း၊ ကဗျာစုံလင်စွာဖြင့် ဖတ်စရာမှတ်စရာများ ပါရှိကြောင်း သိရသည်။

သတင်းစဉ်