ရွှေသောင်ယံမျိုးစေ့ထုတ်သမဝါယမအသင်းမှ ဆင်းသုခမျိုးကောင်းမျိုးသန့်စပါးများ ဖြန့်ဖြူးရောင်းချ

ထန်းတပင် ၆ ဇူလိုင်

 

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ရေပေါ်သောင်ကျေးရွာရှိ ရွှေသောင်ယံမျိုးစေ့ ထုတ်လုပ်ရေးသမဝါယမအသင်း၏ အသင်းသားပိုင်လယ်ဧက(၅၈)ဧကပေါ်တွင် ဆင်းသုခမျိုးသန့် စပါးများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ မျိုးစပါးတင်းပေါင်း(၄၃၅၀)တင်း ထွက်ရှိခဲ့သည်။ ဆင်းသုခမျိုးသန့်စပါးတစ်တင်းလျှင် ငွေကျပ်(၇၀၀၀)နှုန်းဖြင့် တောင်သူလယ်သမားများထံသို့ သက်သာသောနှုန်းထားဖြင့် ရောင်းချပေးလျက်ရှိကြောင်း သမဝါယမဦးစီးဌာနမှ သိရသည်။

 

MDN