ရွှေပြည်သာမြို့နယ်၌မီးဘေးသင့်ပြည်သူများအားကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်

ရွှေပြည်သာ မတ်  ၁

 

 ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံခရိုင်၊ရွှေပြည်သာမြို့နယ်အမှတ်(၁၂)ရပ်ကွက်တွင်ဧပြီလ၂၉ရက်နေ့တွင်မီးလောင်မှုကြောင့်အိမ်ထောင်စု(၂၆)စုလူဦးရေစုစုပေါင်း(၁၁၂)ဦးအားမဇ္ဈိမသုခလမ်းရှိရွှေပြည်သာရွာမဘုန်းတော်ကြီးကျောင်းတွင်ကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍လိုအပ်သည်များကူညီစောင့်ရှောက်ပေးလျက်ရှိရာယနေ့နံနက်ပိုင်းတွင်မြန်မာနိုင်ငံကြက်ခြေနီအသင်းမှကယ်ဆယ်ရေးပစ္စည်းများကိုမီးဘေးသင့်ပြည်သူများထံထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

 

ကယ်ဆယ်ရေးပစ္စည်များထောက်ပံ့ပေးအပ်ရာတွင်ရွှေပြည်သာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးမြင့်ဦး၊မြို့နယ်လဝကဦးစီးမှူးဦးသောင်းမိုး၊တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီအလုပ်အမှုဆောင်ဦးနေဆန်း၊ဒုခရိုင်တပ်ဖွဲ့မှူးဦးလင်းထွန်းအောင်မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌဒေါ်မျိုးပပနှင့်အမှတ်(၁၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်မြင့်တို့မှကယ်ဆယ်ရေးပစ္စည်းများနှင့်နံနက်စာထမင်းဘူးများအားမီးဘေးသင့်ပြည်သူများထံထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

 နေမျိုးထွန်း(ပြန်/ဆက်)