ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၁)၊ PMG အရက်ချက်စက်ရုံ၌ မီးလောင်မှုဖြစ်ပွား

ရန်ကုန်  ၂၇  မေ

           

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၁)၊ စက်မှု(၁)လမ်းနှင့် အင်ကြင်းမြိုင် လမ်းထောင့်ရှိ မြေတိုင်း(၄၂)၊ အကွက်အမှတ်(၆၃/၆၄)ပေါ်ရှိ ပိုင်ရှင် ဦးမြင့်အောင် ပိုင်ဆိုင်သည့် PMG အရက်ချက်စက်ရုံ၌ ယနေ့ နံနက် ဝ၀ နာရီ မိနစ် ၅၀  က မီးလောင်မှု ဖြစ်ပွားခဲ့သည်။

 

မီးလောင်မှုမှာ ဂိုထောင်အတွင်း ခြင်ဆေးခွေထွန်းရာမှတစ်ဆင့် အနီးရှိ ကတ်ထူစက္ကူပြား များပေါ်သို့ မီးကျရာမှ စတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်ရာသို့ မီးငြိမ်းသတ်ယာဉ်(၄၂)စီး၊ ရေသယ် ယာဉ်(၁၈)စီး၊ အထောက်အကူပြု ယာဉ်(၁၀)စီး၊မီးသတ်စက်ယာဉ်(၁)စီး၊ ကွပ်ကဲယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၅၀၂)ဦး၊အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၈၇)ဦးတို့ဖြင့် မီးသတ်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ မိနစ် ၅၀ တွင်  မီးငြှိမ်းသတ်နိုင်ခဲ့သည်။

 

အဆိုပါ မီးလောင်မှုကြောင့် ပေ(၁၅၀x၁၅၀) သွပ်မိုး၊သွပ်ကာ၊ကွန်ကရိခင်း တစ်ထပ် အဆောက်အဦး တစ်ခု ကတ်ထူစက္ကူဖာ(၁၀ဝ၀)ဒါစင်၊အရက်ပုလင်းဖာ(၁၀ဝ)ဖာ၊YGN-58 ------- နှစ် ဆန်းဒီဇယ် (၆)ဘီးကား မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

ဇွဲထက်ကို၊နေမျိုးထွန်း(ပြန်/ဆက်)