ရေနံချောင်းမြို့တွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်ရာမှ အမျိုးသားတစ်ဦးသေဆုံး

ရေနံချောင်း ၁၁ ဇူလိုင်


မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ ရန်ကုန်-မန္တလေးကားလမ်းတွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်ခဲ့ရာမှ အမျိုးသား တစ်ဦးသေဆုံးပြီး အမျိုးသား တစ်ဦးမှာ စိုးရိမ်ရကြောင်း ရေနံချောင်းမြို့မရဲစခန်းမှ သိရသည်။


ဖြစ်စဉ်မှာ ဇူလိုင်၁၀ရက် ည၁၁နာရီတွင် ရေနံချောင်းမြို့မရဲစခန်း ဒုရဲအုပ် အောင်လင်းထွန်းသည် နယ်ထိန်းတာဝန်ဆောင်ရွက်နေစဉ် ရန်ကုန်မန္တလေးကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။


ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ်၃၆၃/၃နှင့်၄အကြား ကားလမ်းပေါ်တွင် ရေနံချောင်းမြို့ မကျည်းလေးပင်ရပ်နေ ကိုတင်မောင်ထွေး (ခ) စာကလေး ၄၉ နှစ်မောင်းနှင်လာသော ဆိုင်ကယ်သည် ရေနံချောင်းမြို့၊ ကံချိုင့်ရပ်နေ ကိုအောင်ကိုဝင်း(ခ) ဒီလုံး မောင်းနှင်လာသော ဆိုင်ကယ်နှင့် လမ်းလယ်တွင် မျက်နှင်းချင်းဆိုင်တိုက်မိခဲ့ကြောင်း သိရသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် ကိုတင်မောင်ထွေးသည် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့ပြီး ကိုအောင်ဝင်း(ခ)ဒီလုံးမှာ (စိုးရိမ်ရ) ဒဏ်ရာများဖြင့် လမ်းပေါ်တွင် လဲကျနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။


ယင်းအမှုနှင့်ပတ်သက်၍ ရေနံချောင်းမြို့မရဲစခန်းမှ ယာဉ်မောင်းနှစ်ဦးအား အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


ဆန်းညွန့်