ရေနံချောင်းမြို့နယ်တွင် အခြေခံပညာကျောင်း ခုနစ်ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိ

ရေနံချောင်း ၂၄ ဇွန်

 

၂၀၂၀-၂၀၂၁ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ အခြေခံပညာကျောင်း ခုနစ်ကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ရရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

အဆိုပါ အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိသည့် ကျောင်းများမှာ သုံးဆယ့်ခြောက်ကျေးရွာနှင့် ကုန်းသောင်ကျေးရွာတို့မှ အခြေခံပညာအလယ်တန်းကျောင်းများကို အထက်တန်းကျောင်း(ခွဲ)အဖြစ် လည်းကောင်း၊ ပင်းဝကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ အထက်တန်းကျောင်းအဖြစ် လည်းကောင်း၊ ရွှေတုတ်ကန်ကျေးရွာနှင့် ဆည်ကျေးရွာတို့မှ အခြေခံပညာမူလတန်းလွန်ကျောင်းများကို  အလယ်တန်းကျောင်းအဖြစ် လည်းကောင်း၊ ရုံးဆိပ်(မြောက်)ကျေးရွာနှင့် စမ်းကန်ကြီးကျေးရွာတို့မှ အခြေခံပညာမူလတန်းကျောင်းများကို မူလတန်းလွန်ကျောင်းများအဖြစ် လည်းကောင်း စုစုပေါင်း အခြေခံပညာကျောင်း ခုနစ်ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

 

ကိုစိုးကြီး