ရွှေနီလို့တင်စားခေါ်ဝေါ်တဲ့ ခရမ်းချဉ်သီးကို အီတလီနိုင်ငံမှာ မြေတစ်မှုန့်မှမပါတဲ့ ရေကန်ပေါ်မှာ စိုက်ပျိုး

၉ သြဂုတ်


ကမ္ဘာတစ်ဝန်းမှာ အီတလီခရမ်းချဉ်သီးဟာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမယ့် အခုနှစ်ပိုင်းမှာ မာဖီးယားဂိုဏ်းတွေရဲ့ ထိန်းချုပ်မှု၊ အလုပ်အားကျွန်ပြုမှုနဲ့ အဆိပ်မီးလောင်ကျွမ်းမှုတွေကနေ ရေတွေကို အဆိပ်သင့်စေခြင်းတို့ကြောင့် ခရမ်းချဉ်သီးရဲ့ ကောင်းသတင်းကို ပျက်စေခဲ့ပါတယ်။ 


အီတလီနိုင်ငံ တောင်ပိုင်းရှိ တက်စ်ကန်နီမှာ အပင်အတွက်လိုအပ်တဲ့ သတ္တုဓာတ်တွေထည့်ထားတဲ့ ရေကန်ပေါ်က စိုက်ခင်းကျယ်ကြီးကို တွေ့ရပါတယ်။ အဲဒီ စိုက်ခင်းဟာ  ဓာတုဓာတ်မြေသြဇာမသုံးထားဘဲ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ ဂရင်းဟောက်စ် ထဲမှာ ရှိနေပါတယ်။  ခရမ်းချဉ်သီး စိုက်ခင်းပိုင်ရှင် လူဂျီ ဂါလီဘတ်တီက ၂၀၁၅ ခုကစပြီး အော်ဂန်းနစ် စပျစ်စိုက်ခင်းကို စတင်ဖော်ဆောင်နေသူဖြစ်ပါတယ်။ 


“ကုလသမဂ္ဂက ၂၀၅၀ ခုနှစ်မှာ လူဦးရေဟာ ၁၀ ဘီလီယံအထိ ရောက်ရှိလာမှာဖြစ်တဲ့အတွက် အဲဒီလူတွေအတွက် အစားအစာထုတ်လုပ်ဖို့ ရေပမာဏ နဲ့ မြေပမာဏ နှစ်ဆစီလိုအပ်မယ်လို့ ထပ်ခါထပ်ခါ သတိပေးနေတဲ့အတွက် အခုလို လုပ်ဆောင်တာဖြစ်တယ်”လို့ ဂါလီဘတ်တီက ပြောပါတယ်။ 


ဂါလီဘတ်တီရဲ့ စိုက်ခင်းမှာ ခရမ်းချဉ်သီး တစ်ကီလို အတွက် ရေ နှစ်လီတာသာ လိုအပ်တယ်။ မြေပေါ်မှာဆိုရင် ရေ ၇၅ လီတာ လိုအပ်တယ်။ အဲဒီရေနှစ်လီတာ ရဲ့ ၉၀ ရာခိုင်နှုန်းဟာ မိုးရေတွေ စုဆောင်းထားပြီး သုံးစွဲတာလို့ သိရပါတယ်။  ခရမ်းချဉ်သီးအပြင် မုန်လာထုတ်၊ ဟင်းနုနွယ်၊ ငရုပ်ချို၊ ခရမ်းသီး နဲ့ ကောရှပ် တို့ပါ စိုက်ပျိုးလာတယ်လို့ ပြောပါတယ်။ 


၁၃ ဟက်တာအကျယ် ဂရင်းဟောက်စ် အတွင်းက စိုက်ခင်း ကို တည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၂၂.၄ သန်း လိုအပ်တဲ့အတွက် ပုဂ္ဂိလကရင်းနှီးမြှုပ်နှံသူများနဲ့ ဘဏ်တွေကနေ ရရှိတယ်လို့ ပြောပါတယ်။ အဲဒီစိုက်ခင်းတွေအတွက် လုပ်သား အင်အား ၂၃၀ နဲ့ နေ့စဉ် သီးနှံတွေ ခူးဆွတ်ရတယ်လို့ သိရပါတယ်။ 


MDN


ကိုးကား - AFP