ရေငန်ပုစွန်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လက်တွေ့သရုပ်ပြသင်တန်းဖွင့်လှစ်

စစ်တွေ၊ ၂၅  ဇန်နဝါရီ

ရခိုင်ပြည်နယ် ရေငန်ပုစွန်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် သရုပ်ပြ ပုစွန်ကန်မွေးမြူပြသခြင်း၊ ရေငန်ပုစွန်မွေးမြူရေး နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း၊ ပုစွန်မွေးတောင်သူများသို့ ပုစွန်မွေးမြူရေးဆိုင်ရာ လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၂၃  ရက်နေ့က ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးသက်ဦးသည် စစ်တွေခရိုင်ငါးလုပ်ငန်းဦးစီးမှူးလိုက်ပါလျက် မြို့နယ်အသီးသီးမှ ရေငန်ပုစွန်မွေးမြူရေးသင်တန်းသား(၂၅)ဦးနှင့်အတူ စစ်တွေမြိုနယ်၊ ရေချမ်းပြင် ကျေးရွာရှိ ပုစွန်သားပေါက်စခန်းနှင့် သရုပ်ပြပုစွန်မွေးမြူရေးကန်တို့သို့ သွားရောက်ပြီး ကွင်းဆင်းပြသ လေ့လာစေခြင်း၊ ရေချမ်းပြင်စခန်းတာဝန်ခံမှ လုပ်ငန်းသုံးပစ္စည်းများ လက်တွေ့ အသုံးချတတ်စေရန် သင်ကြားပြသခြင်းတို့အား ကြီးကြပ်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

MDN