ရေး ၁၄ ဇူလိုင်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်စံပြကျေးရွာတွင် ရော်ဘာစံပြစိုက်ခင်း မိုးဦးမြေဩဇာကျွေးခြင်းကို ရော်ဘာစိုက်ခင်းပိုင်ရှင် ဦးအေးထွန်းခြံ၌ ဇူလိုင် ၁၃ ရက်က ပြုလုပ်ခဲ့သည်။
အဆိုပါမြေဩဇာကျွေးခြင်းတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်က အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးစီးမှူး ဦးစိုးနိုင်က ရော်ဘာစိုက်ပျိုးသူများ အရည်အသွေးပြည့်မီသော မြေဩဇာစနစ်တကျသုံးစွဲခြင်းဖြင့် မျိုးကောင်းမျိုးသန့်ရော်ဘာများ ထုတ်လုပ်နိုင်ခြင်း၊ မိုးရာသီကာလတွင် မှန်ကန်သောမြေဩဇာကျွေးနည်းဖြင့် အရည်အသွေးကောင်းရာဘာများ၊ အစေးထွက်ကောင်းသော ရော်ဘာများ၊ ပိုးမွှားဒဏ်ခံနိုင်ရန်နှင့် အပင်ကြီးထွာနှုန်းအားသန်စေသဖြင့် ရော်ဘာစိုက်ခင်းများတွင် မိုးဦး မြေဩဇာကျွေးရခြင်းကို ရှင်းလင်းပြောကြးသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ် ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းတို့က စံပြစိုက်ခင်း ရော်ဘာခြံပိုင်ရှင် ဦးအေးထွန်းအား မြေဩဇာများ ပေးအပ်သည်။
မြေဩဇာကျွေးခြင်းကို မြို့နယ်စိုက်ပျိုးရေးဦစီးမှူး ဦးစိုးနိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ ဦးမောင်ဟင်းနှင့် အဖွဲ့ဝင်များ၊ ရော်ဘာခြံပိုင်ရှင် ဦးအေးထွန်းနှင့် ခြံလုပ်သားများ၊ စံပြရော်ဘာခြံလေ့လာသူများက မြေဩဇာကျွေးခြင်း၊ မြက်ပေါင်းရှင်းလင်းခြင်းများ သရုပ်ပြမှုကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ဖြိုး(ပြန်/ဆက်)


