ရေးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံ

ရေး၊ ၂၇ ဇန်နဝါရီ

မွန်ပြည်နယ်၊  ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဇန်နဝါရီ  ၂၇ ရက် နံနက် ၉ နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများကို ရေးမြို့နယ် ပြည်သူ့ဆေးရုံ၌ ပထမအကြိမ် စတင်ထိုးနှံပေးသည်။

ပထမအကြိမ် ကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ ဆေးရုံများ၊ ကျေးလက် ကျန်းမာရေးဌာနများမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း ၁၄၅ ဦးကို ဇန်နဝါရီ ၂၇ ရက် နံနက်မှ စတင်၍ ထိုးနှံပေးခဲ့ပြီး ဇန်နဝါရီ ၂၈ ရက်တွင် ၁၂၆ ဦးကို ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)